ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ မိုဘိုင္းဖုန္း အသံုးျပဳခြင့္ ပိတ္ပင္

0
51

ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ဒုကၡသည္စခန္းေတြမွာ မိုဘိုင္းဖုန္း ဝန္ေဆာင္မႈကို ပိတ္ပစ္ဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရက ဖုန္း ေအာ္ပေရတာေတြကို ညႊန္ၾကားလိုက္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြတုန္းက ဒုကၡသည္စခန္းေတြထဲမွာ အၾကမ္းဖက္မႈ ပဋိပကၡေတြ ျဖစ္ၿပီးေနာက္ အခုလို မိုဘိုင္းဖုန္း အသံုးျပဳခြင့္ ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ 

ဒုကၡသည္စခန္းေတြမွာ ဆက္သြယ္ေရး ကြန္ရက္ေတြ ျဖတ္ေတာက္ၿပီးေၾကာင္း ဆက္သြယ္ေရး ေအာ္ပေရတာေတြဟာ စက္တင္ဘာလ ၂ ရက္ေန႔ကစၿပီး ခုနစ္ရက္အတြင္း ဘဂၤလားေဒ့ရွ္ ဆက္သြယ္ေရး စည္းကမ္းထိန္းသိမ္းေရး ေကာ္မရွင္ (BTRC) ကို အေၾကာင္းၾကားရမွာ ေၾကာင္း၊ အခုလို ပိတ္ပင္တာဟာ လံုၿခံဳေရးအရ ျဖစ္ေၾကာင္း BTRC ရဲ႕ ေျပာခြင့္ရသူ ဇာကီယာ ဟူစိန္ ခန္းက ေျပာပါတယ္။

ရဲတပ္ဖြဲ႔ ေျပာခြင့္ရသူ အကၠဘယ္ ဟူစိန္က အခုလို ပိတ္ပင္မႈကို ႀကိဳဆိုလိုက္ၿပီး ဒုကၡသည္ေတြဟာ ျမန္မာႏိုင္ငံဘက္ကေန ေဒၚလာ သန္းခ်ီတန္တဲ့ မက္သာဖက္တမင္း မူးယစ္ေဆးေတြကို ေမွာင္ခိုသြင္းတဲ့ ကိစၥေတြလို ရာဇဝတ္မႈေတြ လုပ္ေဆာင္ရာမွာ မိုဘိုင္းဖုန္းကို တလြဲအသံုးခ်ေနတယ္လို႔ ေျပာပါတယ္။ 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မိုဘိုင်းဖုန်း အသုံးပြုခွင့် ပိတ်ပင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို ပိတ်ပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဖုန်း အော်ပရေတာတွေကို ညွှန်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဒုက္ခသည်စခန်းတွေထဲမှာ အကြမ်းဖက်မှု ပဋိပက္ခတွေ ဖြစ်ပြီးနောက် အခုလို မိုဘိုင်းဖုန်း အသုံးပြုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။


ဒုက္ခသည်စခန်းတွေမှာ ဆက်သွယ်ရေး ကွန်ရက်တွေ ဖြတ်တောက်ပြီးကြောင်း ဆက်သွယ်ရေး အော်ပရေတာတွေဟာ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ခုနစ်ရက်အတွင်း ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် (BTRC) ကို အကြောင်းကြားရမှာ ကြောင်း၊ အခုလို ပိတ်ပင်တာဟာ လုံခြုံရေးအရ ဖြစ်ကြောင်း BTRC ရဲ့ ပြောခွင့်ရသူ ဇာကီယာ ဟူစိန် ခန်းက ပြောပါတယ်။


ရဲတပ်ဖွဲ့ ပြောခွင့်ရသူ အက္ကဘယ် ဟူစိန်က အခုလို ပိတ်ပင်မှုကို ကြိုဆိုလိုက်ပြီး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကနေ ဒေါ်လာ သန်းချီတန်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးတွေကို မှောင်ခိုသွင်းတဲ့ ကိစ္စတွေလို ရာဇဝတ်မှုတွေ လုပ်ဆောင်ရာမှာ မိုဘိုင်းဖုန်းကို တလွဲအသုံးချနေတယ်လို့ ပြောပါတယ်။