ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ တိုးခ်ဲ႕

0
264

ဘဂၤလားေဒ့ရွ္ နယ္စပ္ရွိ ဒုကၡသည္စခန္းေတြမွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ တိုးခ်ဲ႕ေနၿပီး မုတ္သံုရာသီ နီးလာတဲ့အတြက္ ၿခိမ္းေျခာက္မႈေတြကေတာ့ ရွိေနတယ္လို႔ ေရႊ႕ေျပာင္း ဝင္ေရာက္မႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႔အစည္း (IOM) က ေျပာပါတယ္။

ေရြ႕လ်ား ေဆးကုသေရးအဖြဲ႔ဟာ တစ္ေနရာကေန တစ္ေနရာကို သြားလာဖို႔ ပို႔ေဆာင္ေရး အခက္အခဲေတြ ရွိေၾကာင္း၊ ေရြ႕လ်ား ေဆးကုသ ဝန္ေဆာင္မႈ ေပးဖို႔ အဖြဲ႔ ငါးဖြဲ႔ရွိၿပီး ေဆးပစၥည္းေတြကို သယ္ေဆာင္ကာ ရြံ႕ထူထပ္တဲ့လမ္းေတြကေန ခက္ခက္ခဲခဲ သြားလာရေၾကာင္း IOM က်န္းမာေရး အစီအစဥ္ အရာရွိ ေဒါက္တာ ေဟာင္လာဒါက ေျပာပါတယ္။

IOM မွာ ဆရာဝန္ ၄၅ ဦး၊ သားဖြားဆရာမ ၄၀ ဦး၊ သူနာျပဳ ၃၁ ဦးနဲ႔ လူနာတင္ယာဥ္ေမာင္းေတြ၊ တျခား အကူဝန္ထမ္းေတြ ရွိပါတယ္။ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လကစၿပီး IOM ေဆးခန္း ၁၁ ခုနဲ႔ IOM က ေထာက္ပံ့ထားတဲ့ ဘဂၤလားေဒ့ရွ္ အစိုးရ ေဆးခန္း ကိုးခုမွာ လာေရာက္ ေဆးကုသသူ ၁ သန္းေက်ာ္ ရွိပါတယ္။ အခု ၂၀၁၉ ခုႏွစ္ ပထမဆံုးလမွာ ကေလးငယ္ ၃၂၀၀ ေမြးဖြားေပးခဲ့ၿပီး ျဖစ္ပါတယ္။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ကျန်းမာရေး စောင့်ရှောက်မှု တိုးချဲ့


ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးချဲ့နေပြီး မုတ်သုံရာသီ နီးလာတဲ့အတွက် ခြိမ်းခြောက်မှုတွေကတော့ ရှိနေတယ်လို့ ရွှေ့ပြောင်း ဝင်ရောက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ပြောပါတယ်။


ရွေ့လျား ဆေးကုသရေးအဖွဲ့ဟာ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့ ပို့ဆောင်ရေး အခက်အခဲတွေ ရှိကြောင်း၊ ရွေ့လျား ဆေးကုသ ဝန်ဆောင်မှု ပေးဖို့ အဖွဲ့ ငါးဖွဲ့ရှိပြီး ဆေးပစ္စည်းတွေကို သယ်ဆောင်ကာ ရွံ့ထူထပ်တဲ့လမ်းတွေကနေ ခက်ခက်ခဲခဲ သွားလာရကြောင်း IOM ကျန်းမာရေး အစီအစဉ် အရာရှိ ဒေါက်တာ ဟောင်လာဒါက ပြောပါတယ်။


IOM မှာ ဆရာဝန် ၄၅ ဦး၊ သားဖွားဆရာမ ၄၀ ဦး၊ သူနာပြု ၃၁ ဦးနဲ့ လူနာတင်ယာဉ်မောင်းတွေ၊ တခြား အကူဝန်ထမ်းတွေ ရှိပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကစပြီး IOM ဆေးခန်း ၁၁ ခုနဲ့ IOM က ထောက်ပံ့ထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဆေးခန်း ကိုးခုမှာ လာရောက် ဆေးကုသသူ ၁ သန်းကျော် ရှိပါတယ်။ အခု ၂၀၁၉ ခုနှစ် ပထမဆုံးလမှာ ကလေးငယ် ၃၂၀ဝ မွေးဖွားပေးခဲ့ပြီး ဖြစ်ပါတယ်။