
0
325



………………… ။ ။ …………………

ဘင်္ဂလားဒေရှ့်ဆီ တံတားသံပေါင်တွေ တင်ပို့
မြန်မာနိုင်ငံနိုင်ငံက ဘင်္ဂလားဒေရှ့်နိုင်ငံဆီ တံတားသံပေါင်တွေ ပေးပို့ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ ဂျပန် JFE Engineering corporation Steel Solution တို့ ပူးပေါင်းလုပ်ကိုင်တဲ့ စက်ရုံမှ သံပေါင်များကို ဘင်္ဂလားဒေရှ့်နိုင်ငံမှာ တည်ဆောက်နေတဲ့ တံတားမှာ အသုံးပြုနိုင်ဖို့ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဆိုပါ သံမဏိစက်ရုံကနေ သံပေါင် တန်ချိန် ၅၀ဝ၀ ကို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စက်ရုံဟာ သံပေါင် နဲ့ အခြားသံထည်ပစ္စည်းတွေကို ယခင်ကတန်ချိန် ၁၀ဝ၀ဝ ထုတ်လုပ်နိုင်ခဲ့ပြီးယခုမှာ ၂၀ဝ၀ဝ တန်ချိန်အထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

သံမဏိစက်ရုံအနေနဲ့ လာအိုနိုင်ငံဆီ Temporary Girder တန် ၂၅၀ အပြင် Steel Box Girder တန်ချိန် ၁၄၅၀ တင်ပို့နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံအပြင် အခြားပြည်ပနိုင်ငံတွေဆီကိုလည်း သံပေါင် နဲ့ အခြား ပစ္စည်းများတင်ပို့ဖို့ စီစဉ်ထားပြီး သီရိလင်္ကာနိုင်ငံဆီ တန်ချိန် ၃၀ဝ၀ မှ ၅၀ဝ၀ အထိ တင်ပို့ဖို့ စီစဉ်ထားပါတယ်။