ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကုိ YMBA အသင္းက မဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႔တံဆိပ္ ေပးအပ္

0
52

ဗုဒၶဘာသာ ကလ်ာဏယုဝ အသင္းခ်ဳပ္ (YMBA) က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကုိ မဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႔တံဆိပ္ ေပးအပ္ ခ်ီးျမႇင့္ခဲ့ပါတယ္။

မေန႔ ေအာက္တုိဘာလ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္မွာ မဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႔တံဆိပ္ ခ်ီးျမႇင့္ျခင္းနဲ႔ အသင္းခ်ဳပ္ရဲ႕ ရာသက္ပန္ ဂုဏ္ထူးေဆာင္ နာယကႀကီးအျဖစ္ ခန္႔အပ္ျခင္း အခမ္းအနားကို ျပဳလုပ္ခဲ့တာပါ။

အခုလုိ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကုိ ဘြဲ႔တံဆိပ္ ခ်ီးျမွင့္ရတာဟာ အမ်ိဳး၊ ဘာသာ၊ သာသနာနဲ႔ ပညာကို ေစာင့္ေရွာက္ျခင္း၊ ႏိုင္ငံေတာ္ရဲ႕  ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို တစ္စိုက္မတ္မတ္ ေဆာင္ရြက္ျခင္း၊ သာသနာေရး ကိစၥေတြ စြမ္းစြမ္းတမံ ေဆာင္ရြက္ျခင္း၊ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ျမင့္မားေအာင္၊ တပ္မေတာ္ကုိ ေခတ္မီ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ျခင္း၊ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ျခင္း၊ ဘာသာလူမ်ိဳး မခြဲျခားဘဲ လူသားခ်င္းစာနာတဲ့  ေခါင္းေဆာင္ေကာင္း စိတ္ဓာတ္ရွိျခင္း စတဲ့ အခ်က္ ၆ ခ်က္နဲ႔ ခန္႔အပ္ခ်ီးျမႇင့္ခဲ့တာလို႔ YMBA က ေျပာပါတယ္။

သမိုင္းအစဥ္အလာ ႀကီးမားၿပီး ျမန္မာ့လြတ္လပ္ေရး ဦးေဆာင္အဖြဲ႕ႀကီးျဖစ္တဲ့ ႏွစ္ေပါင္း ၁၁၃ ႏွစ္ သက္တမ္းရွိ YMBA အသင္းႀကီးရဲ႕ ဂုဏ္ထူးေဆာင္ နာယကႀကီးအျဖစ္ ခ်ီးျမႇင့္ခန္႔အပ္ျခင္း ခံရတဲ့အတြက္  မ်ားစြာ ဂုဏ္ယူမိေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို YMBA အသင်းက မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ် ပေးအပ်


ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ် (YMBA) က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
မနေ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ ဇယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းနဲ့ အသင်းချုပ်ရဲ့ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တာပါ။


အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘွဲ့တံဆိပ် ချီးမြှင့်ရတာဟာ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပညာကို စောင့်ရှောက်ခြင်း၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခြင်း၊ သာသနာရေး ကိစ္စတွေ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင်၊ တပ်မတော်ကို ခေတ်မီ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ခြင်း၊ ဘာသာလူမျိုး မခွဲခြားဘဲ လူသားချင်းစာနာတဲ့ ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်း စတဲ့ အချက် ၆ ချက်နဲ့ ခန့်အပ်ချီးမြှင့်ခဲ့တာလို့ YMBA က ပြောပါတယ်။


သမိုင်းအစဉ်အလာ ကြီးမားပြီး မြန်မာ့လွတ်လပ်ရေး ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ နှစ်ပေါင်း ၁၁၃ နှစ် သက်တမ်းရှိ YMBA အသင်းကြီးရဲ့ ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ချီးမြှင့်ခန့်အပ်ခြင်း ခံရတဲ့အတွက် များစွာ ဂုဏ်ယူမိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။