ဗုဒၶ ဓမၼ ပရဟိတ ေဖာင္ေဒးရွင္း ဆိုင္းဘုတ္ေတြ ၄၅ ရက္အတြင္း ျဖဳတ္သိမ္းရမယ္

0
179

ဗုဒၶ ဓမၼ ပရဟိတ ေဖာင္ေဒးရွင္းဟာ တရားမဝင္ အဖြဲ႔အစည္းျဖစ္ၿပီး ၄၅ ရက္အတြင္း ဆိုင္းဘုတ္ေတြ မျဖဳတ္သိမ္းပါက အေရးယူမယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ဇူလိုင္လ ၃၀ ရက္ေန႔မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

ဗုဒၶ ဓမၼ ပရဟိတ ေဖာင္ေဒးရွင္းရဲ႕ ဥကၠ႒နဲ႔ ဒုဥကၠ႒ ဆရာေတာ္တို႔ကို ဓမၼစက္နဲ႔ ေဆာင္ရြက္ရမယ့္ အခန္းက႑ ၿပီးဆံုးသြားၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႔ ၄၇ ပါးစံုညီ အစည္းအေဝးအရ ဆံုးျဖတ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ စိုက္ထူထားတဲ့ ဗုဒၶ ဓမၼ ပရဟိတ ေဖာင္ေဒးရွင္း ဆိုင္းဘုတ္ေတြကို ၄၅ ရက္အတြင္း ျဖဳတ္သိမ္းဖို႔၊ ဗုဒၶ ဓမၼ ပရဟိတ ေဖာင္ေဒးရွင္းအမည္နဲ႔ ဘယ္ကိစၥကိုမွ မေဆာင္ရြက္ဖို႔၊ လိုက္နာျခင္း မရွိရင္ ရဟန္းပုဂၢိဳလ္ကို သံဃာ့အဖြဲ႔အစည္းဆိုင္ရာ ဥပေဒ ၂၀/၉၀၊ လူပုဂၢိဳလ္ဆိုရင္ သက္ဆိုင္ရာ တည္ဆဲဥပေဒေတြနဲ႔ အေရးယူခံရမွာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႔က ဇူလိုင္လ ၂၉ ရက္မွာ ဗုဒၶ ဓမၼ ပရဟိတ ေဖာင္ေဒးရွင္းအဖြဲ႔ရဲ႕ ဥကၠ႒နဲ႔ ဒုဥကၠ႒ ဆရာေတာ္တို႔ကို ေနာက္ဆံုး ၾသဝါဒေပးဖို႔ ပင့္ဖိတ္ခဲ့ေပမယ့္ ဥကၠ႒ ဆရာေတာ္ ဦးတိေလာကာဘိဝံသ (အင္းစိန္ ရြာမ ပရိယတၱိစာသင္တိုက္) က မၾကြေရာက္ဘဲ ရဟန္းတစ္ပါး ကိုယ္စားလႊတ္ၿပီး ဒု ဥကၠ႒ဆရာေတာ္ ဦးသီလကၡႏၶာဘိဝံသ (ပိဋကသံုးပံု နိကာယ္စာသင္တိုက္၊ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္း) တစ္ပါးသာ ၾကြေရာက္ခဲ့ပါတယ္။

ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေ ၄၅ ရက်အတွင်း ဖြုတ်သိမ်းရမယ်

ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဟာ တရားမဝင် အဖွဲ့အစည်းဖြစ်ပြီး ၄၅ ရက်အတွင်း ဆိုင်းဘုတ်တွေ မဖြုတ်သိမ်းပါက အရေးယူမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ဆရာတော်တို့ကို ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့် အခန်းကဏ္ဍ ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးအရ ဆုံးဖြတ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ထူထားတဲ့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့၊ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်နဲ့ ဘယ်ကိစ္စကိုမှ မဆောင်ရွက်ဖို့၊ လိုက်နာခြင်း မရှိရင် ရဟန်းပုဂ္ဂိုလ်ကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀၊ လူပုဂ္ဂိုလ်ဆိုရင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဇူလိုင်လ ၂၉ ရက်မှာ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ဆရာတော်တို့ကို နောက်ဆုံး သြဝါဒပေးဖို့ ပင့်ဖိတ်ခဲ့ပေမယ့် ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသ (အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက်) က မကြွရောက်ဘဲ ရဟန်းတစ်ပါး ကိုယ်စားလွှတ်ပြီး ဒု ဥက္ကဋ္ဌဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ (ပိဋကသုံးပုံ နိကာယ်စာသင်တိုက်၊ ဒဂုံမြို့သစ်တောင်ပိုင်း) တစ်ပါးသာ ကြွရောက်ခဲ့ပါတယ်။