ဗီယက်နာမ်နိုင်ငံမှာ နှစ်ပေါင်း 100 အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဖြစ်ပေါ်နေ

0
658

ဗီယက်နာမ်နိုင်ငံမှာ နှစ်ပေါင်း 100 အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဖြစ်ပေါ်နေပြီး စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးမှု ဖြစ်ပေါ်နေသလို သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မဲခေါင်မြစ်အထက်ပိုင်းမှာ ဆောက်လုပ်ထားတဲ့ တရုတ်နိုင်ငံက ရေအားလျှပ်စစ်ထုတ် ရေတာတမန်ကြီး 39 ခုကနေ အရှေ့တောင်အာရှနိုင်ငံတွေအတွက် ရေတွေကို လွတ်ပေးနေပေမဲ့ ဗီယက်နာမ်နိုင်ငံ တောင်ပိုင်းမှာတော့ မိုးခေါင်ရေရှားမှုနဲ့ အတူ စိုက်ပျိုးရေမလုံလောက်တာကြောင့် သီးနှံဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာပါ။
ချေးငွေတွေ ယူပြီး သီးနှံစိုက်ပျိုးထားကြတဲ့ တောင်သူတွေအနေနဲ့လည်း သူတို့ရဲ့ လယ်ယာမြေတွေကို ရောင်းချပြီး စိုက်ပျိုးရေးလုပ်ငန်းအစား ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး အကြွေးပြန်ဆပ်ဖို့ ကြိုးစားနေကြရပါတယ်။
အခုလိုမိုးခေါင်ရေရှားမှုကြောင့် ဗီယက်နာမ်နိုင်ငံအတွင်း စပါးစိုက်ခင်း ထက်ဝက်ခန့် ပျက်စီးခဲ့သလို ပုစွန်နဲ့ ငါးကောင်ရေလည်း 60 ရာခိုင်နုန်း သေကြေခဲ့ရပြီဖြစ်တယ်လို့ ဆိုပါတယ်။ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ လူဦးရေ သန်း 60 လောက် မှီတင်းနေထိုင်ကြတာဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ် နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်ပကို လူသုံးကုန်တင်ပို့မှု အကြီးဆုံး နိုင်ငံတနိုင်ငံဖြစ်သလို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း တရားဝင် အလုပ်ခေါ်ယူလေ့ရှိတဲ့နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။