0
62
ဗီယက်နမ် ယူ-၁၅ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအသင်း ဂိုးပြတ် အနိုင်ရ
၂၀၁၉ ဗီယက်နမ် ယူ-၁၅ အမျိုးသမီး ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်ကျင်းပပြီး မြန်မာအသင်းက အဖွင့်ပွဲမှာ အိမ်ရှင် ဗီယက်နမ်အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
မြန်အသင်းအတွက် ဂိုးတွေကို သိင်္ဂီထွေးက ၂ ဂိုး၊ ဆုမြတ်နိုင်းက ၁ ဂိုး သွင်းယူခဲ့ပါတယ်။ မြန်မာအသင်း နည်းပြက ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်နေပြီး အသက်အငယ်ဆုံး ကစားသမား ဖြူဖြူသင်းက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခဲ့တာပါ။
အခုပြိုင်ပွဲမှာ အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ အိုက်စလန်နဲ့ ဟောင်ကောင် အသင်းတို့ ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ မြန်မာအသင်းနဲ့ အိုက်စလန် အသင်း၊ ဟောင်ကောင်အသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။