ဗဟိုဘဏ္နဲ႔ သက္ဆိုင္တဲ့ က႑ေတြ ေႏွာင့္ေႏွးမႈ မရွိဖို႔ မွာၾကား

0
631

ဗဟိုဘဏ္နဲ႔ သက္ဆိုင္တဲ့ က႑ေတြမွာ ေႏွာင့္ေႏွးမႈ မရွိေအာင္ ေဆာင္ရြက္ေရး၊ ေငြေပးေခ်မႈနဲ႔ စာရင္းရွင္းလင္းမႈ စနစ္ ပိုမိုတိုးတက္ေရးတို႔ကို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဥကၠ႒ ဦးေက်ာ္ေက်ာ္ေမာင္က မွာၾကားပါတယ္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ရန္ကုန္ဘဏ္ခြဲမွာ ေမလ ၄ ရက္ေန႔က က်င္းပတဲ့ အစည္းအေဝးမွာ ဗဟိုဘဏ္ ဥကၠ႒ ဦးေက်ာ္ေက်ာ္ေမာင္က အခုလို မွာၾကားခဲ့တာ ျဖစ္ပါတယ္။

ခ်မွတ္တဲ့မူဝါဒေတြကို ဝန္ထမ္းအႀကီးအကဲေတြက ထိေရာက္စြာ အေကာင္အထည္ေဖာ္ေရး၊ လုပ္ငန္းေတြ ပိုမိုျမန္ဆန္ေရး၊ ICT နည္းပညာ အသံုးျပဳၿပီး ထိေရာက္ျမန္ဆန္စြာ ဝန္ေဆာင္မႈေပးေရး၊ e-Government ကို အေကာင္အထည္ ေဖာ္ေရး၊ Cyber Security ကို အထူးဂ႐ုျပဳ ေဆာင္ရြက္ေရး၊ Doing Business အဆင့္ တိုးတက္ေရးတို႔အတြက္ ေႏွာင့္ေႏွးမႈ မရွိေစဖို႔ မွာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗဟိုဘဏ်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေ နှောင့်နှေးမှု မရှိဖို့ မှာကြား

ဗဟိုဘဏ်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ နှောင့်နှေးမှု မရှိအောင် ဆောင်ရွက်ရေး၊ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု စနစ် ပိုမိုတိုးတက်ရေးတို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က မှာကြားပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲမှာ မေလ ၄ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အခုလို မှာကြားခဲ့တာ ဖြစ်ပါတယ်။

ချမှတ်တဲ့မူဝါဒတွေကို ဝန်ထမ်းအကြီးအကဲတွေက ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ လုပ်ငန်းတွေ ပိုမိုမြန်ဆန်ရေး၊ ICT နည်းပညာ အသုံးပြုပြီး ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးရေး၊ e-Government ကို အကောင်အထည် ဖော်ရေး၊ Cyber Security ကို အထူးဂရုပြု ဆောင်ရွက်ရေး၊ Doing Business အဆင့် တိုးတက်ရေးတို့အတွက် နှောင့်နှေးမှု မရှိစေဖို့ မှာကြားခဲ့ပါတယ်။