ဗယ္လင္တိုင္းေဒးကို ဘယ္ႏိုင္ငံေတြက အျပစ္ျမင္ၾကသလဲ

0
442

ဗယ္လင္တိုင္းေဒးကို ခ်စ္သူနဲ႔အတူ ေပ်ာ္ရႊင္ရတဲ့ေန႔လို႔ မသတ္မွတ္ဘဲ လက္မထပ္ခင္ နက္႐ိႈင္းတဲ့ ဆက္ဆံေရး ရွိျခင္းကို လက္မခံတဲ့ ႏိုင္ငံေတြ၊ ဘာသာေရး အစဥ္အလာ၊ ယဥ္ေက်းမႈနဲ႔ ေသြဖည္တယ္လို႔ ယူဆတဲ့ေဒသေတြလည္း ရွိပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြက ဥပေဒနဲ႔ေတာင္ ထုတ္ျပန္တားျမစ္တာမ်ိဳး ရွိပါတယ္။ ပါကစၥတန္ႏိုင္ငံမွာ ဗယ္လင္တိုင္းေဒးကို အစၥလာမ္နဲ႔ မေလ်ာ္ညီဘူးဆိုၿပီး တရား႐ံုးက တားျမစ္ထားတာ ၂ ႏွစ္ရွိပါၿပီ။ တာလီဘန္ေတြနဲ႔ ခ်ိတ္ဆက္ေနတဲ့ ဂ်မီယတ္ အူလီမာ အီ အစၥလာမ္ အဖြဲ႔က ဗယ္လင္တိုင္းေန႔ ေရာက္ရင္ ႐ႈတ္ခ် ဆႏၵျပတာေတြေတာင္ လုပ္ၾကပါတယ္။

အီရန္ႏိုင္ငံက ဗယ္လင္တိုင္းေန႔ကို တရားဝင္ ပိတ္ပင္ျခင္း မရွိေပမယ့္ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြေတာ့ လုပ္ၾကပါတယ္။ အီရန္ ေစ်းဆိုင္ေတြမွာ ဗယ္လင္တိုင္းနဲ႔ သက္ဆိုင္တဲ့ အသဲပံု ေဘာလံုး၊ ႏွင္းဆီပန္းအနီကအစ လက္ေဆာင္ပစၥည္းေတြ ေရာင္းခ်ခြင့္ မျပဳပါဘူး။

အင္ဒိုနီးရွားမွာလည္း ဗယ္လင္တိုင္းေဒးကို တရားဝင္ ပိတ္ပင္တာ မရွိေပမယ့္ ဘာသာေရး အစြန္းေရာက္ေတြက ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြေတာ့ လုပ္ၾကပါတယ္။ မေလးရွားမွာေတာ့ အရင္ႏွစ္ေတြတုန္းက မေလးရွား အစၥလာမ္ ဖြံ႔ၿဖိဳးေရးဌာနက ဗယ္လင္တိုင္းေဒးဟာ မေကာင္းမႈေတြနဲ႔ လူငယ္ေတြ စာရိတၱပ်က္ျပားမႈကို ဖိတ္ေခၚတဲ့ေန႔ ျဖစ္တယ္လို႔ ျပစ္တင္ေျပာဆိုဖူးပါတယ္။

ဗယ္လင္တိုင္းေဒးကို ဆင္ႏႊဲရင္ ႏွိပ္ကြပ္တဲ့အထဲမွာ ေဆာ္ဒီအာေရဗ်လည္း ပါပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက ဗယ္လင္တိုင္းေဒးမွာ အမ်ိဳးသမီး ၆ ဦးနဲ႔ တြဲကတဲ့ ေဆာ္ဒီ အမ်ိဳးသား ၅ ဦးကို ေထာင္ ၃၉

ႏွစ္နဲ႔ ႀကိမ္ဒဏ္ ၄၅၀၀ ခ်မွတ္ခဲ့ဖူးပါတယ္။

အစၥလာမ္ ႏိုင္ငံမဟုတ္ေပမယ့္ ဗယ္လင္တိုင္းေဒးကို ပိတ္ပင္တဲ့ ေဒသေတြလည္း ရွိပါေသးတယ္။ ၂၀၁၀ ျပည့္ႏွစ္တုန္းက ႐ုရွားႏိုင္ငံ၊ ဘယ္လ္ဂိုေရာ့ဒ္မွာ ၿမိဳ႕ေတာ္ဝန္က ႐ုရွားအစဥ္အလာနဲ႔ မကိုက္ညီဘူးဆိုၿပီး ဗယ္လင္တိုင္းေဒးကို ပိတ္ပင္ခဲ့ဖူးပါတယ္။

၂၀၁၅ ခုႏွစ္တုန္းက အိႏၵိယႏိုင္ငံ၊ ဥတၱရာ ပရာေဒ့ရွ္မွာ ဟိႏၵဴ အမ်ိဳးေရးဝါဒီအုပ္စုျဖစ္တဲ့ မဟာဆာဘာက လက္မထပ္ရေသးတဲ့ စံုတြဲေတြ “ႏိုင္ငံျခား ပြဲေတာ္” ကို အမ်ားျပည္သူေရွ႕မွာ ဆင္ႏႊဲေပ်ာ္ရႊင္ေနတာေတြ႔ရင္ အျပစ္ေပးမယ္လို႔ သတိေပးဖူးပါတယ္။

၂၀၀၉ ခုႏွစ္မွာ လက္ယာယိမ္း အုပ္စုျဖစ္တဲ့ သွ်ီဗ ေဆနာက အိႏၵိယႏိုင္ငံ၊ ကာနာတာကာျပည္နယ္ ေတာင္ပိုင္းမွာ ဗယ္လင္တိုင္းေဒးမွာ အမ်ိဳးသမီးေတြ လံုလံုၿခံဳၿခံဳဝတ္ဆင္ဖို႔၊ အရက္ဘားေတြ မသြားဖို႔ ေစာင့္ၾကည့္ေရးအတြက္ ရဲေတြ ခ်ထားဖူးပါတယ္။ လက္ထပ္ၿပီးသူေရာ လက္မထပ္ေသးတဲ့ စံုတြဲေတြေရာ ဗယ္လင္တိုင္းေဒး ဆင္ႏႊဲရင္ အၾကမ္းဖက္ ၿဖိဳခြင္းမယ္လို႔ သွ်ီဗ ေဆနာ အဖြဲ႔ေခါင္းေဆာင္ ပရာမြန္ မူသာလစ္က ၿခိမ္းေျခာက္ဖူးပါတယ္။

သူ႔ရဲ႕ၿခိမ္းေျခာက္မႈကို တံု႔ျပန္တဲ့အေနနဲ႔ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားသူေတြက ဗယ္လင္တိုင္းေဒးမွာ မူသာလစ္ဆီကို ပန္းေရာင္ အတြင္းခံ အထည္ ၂ ေထာင္ေပးပို႔ခဲ့လို႔ အိႏၵိယမွာ ‘ပန္းေရာင္ ခ်က္ဒ္ဒီ လႈပ္ရွားမႈ’ လို႔ လူသိမ်ားခဲ့ဖူးပါတယ္။

ကိုသင္ကာ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗယ်လင်တိုင်းဒေးကို ဘယ်နိုင်ငံတွေက အပြစ်မြင်ကြသလဲ

ဗယ်လင်တိုင်းဒေးကို ချစ်သူနဲ့အတူ ပျော်ရွှင်ရတဲ့နေ့လို့ မသတ်မှတ်ဘဲ လက်မထပ်ခင် နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိခြင်းကို လက်မခံတဲ့ နိုင်ငံတွေ၊ ဘာသာရေး အစဉ်အလာ၊ ယဉ်ကျေးမှုနဲ့ သွေဖည်တယ်လို့ ယူဆတဲ့ဒေသတွေလည်း ရှိပါတယ်။

တစ်ချို့နိုင်ငံတွေက ဥပဒေနဲ့တောင် ထုတ်ပြန်တားမြစ်တာမျိုး ရှိပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဗယ်လင်တိုင်းဒေးကို အစ္စလာမ်နဲ့ မလျော်ညီဘူးဆိုပြီး တရားရုံးက တားမြစ်ထားတာ ၂ နှစ်ရှိပါပြီ။ တာလီဘန်တွေနဲ့ ချိတ်ဆက်နေတဲ့ ဂျမီယတ် အူလီမာ အီ အစ္စလာမ် အဖွဲ့က ဗယ်လင်တိုင်းနေ့ ရောက်ရင် ရှုတ်ချ ဆန္ဒပြတာတွေတောင် လုပ်ကြပါတယ်။

အီရန်နိုင်ငံက ဗယ်လင်တိုင်းနေ့ကို တရားဝင် ပိတ်ပင်ခြင်း မရှိပေမယ့် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေတော့ လုပ်ကြပါတယ်။ အီရန် ဈေးဆိုင်တွေမှာ ဗယ်လင်တိုင်းနဲ့ သက်ဆိုင်တဲ့ အသဲပုံ ဘောလုံး၊ နှင်းဆီပန်းအနီကအစ လက်ဆောင်ပစ္စည်းတွေ ရောင်းချခွင့် မပြုပါဘူး။

အင်ဒိုနီးရှားမှာလည်း ဗယ်လင်တိုင်းဒေးကို တရားဝင် ပိတ်ပင်တာ မရှိပေမယ့် ဘာသာရေး အစွန်းရောက်တွေက ကန့်သတ်ချုပ်ချယ်မှုတွေတော့ လုပ်ကြပါတယ်။ မလေးရှားမှာတော့ အရင်နှစ်တွေတုန်းက မလေးရှား အစ္စလာမ် ဖွံ့ဖြိုးရေးဌာနက ဗယ်လင်တိုင်းဒေးဟာ မကောင်းမှုတွေနဲ့ လူငယ်တွေ စာရိတ္တပျက်ပြားမှုကို ဖိတ်ခေါ်တဲ့နေ့ ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုဖူးပါတယ်။

ဗယ်လင်တိုင်းဒေးကို ဆင်နွှဲရင် နှိပ်ကွပ်တဲ့အထဲမှာ ဆော်ဒီအာရေဗျလည်း ပါပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဗယ်လင်တိုင်းဒေးမှာ အမျိုးသမီး ၆ ဦးနဲ့ တွဲကတဲ့ ဆော်ဒီ အမျိုးသား ၅ ဦးကို ထောင် ၃၉ နှစ်နဲ့ ကြိမ်ဒဏ် ၄၅၀ဝ ချမှတ်ခဲ့ဖူးပါတယ်။

အစ္စလာမ် နိုင်ငံမဟုတ်ပေမယ့် ဗယ်လင်တိုင်းဒေးကို ပိတ်ပင်တဲ့ ဒေသတွေလည်း ရှိပါသေးတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဒ်မှာ မြို့တော်ဝန်က ရုရှားအစဉ်အလာနဲ့ မကိုက်ညီဘူးဆိုပြီး ဗယ်လင်တိုင်းဒေးကို ပိတ်ပင်ခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ ဥတ္တရာ ပရာဒေ့ရှ်မှာ ဟိန္ဒူ အမျိုးရေးဝါဒီအုပ်စုဖြစ်တဲ့ မဟာဆာဘာက လက်မထပ်ရသေးတဲ့ စုံတွဲတွေ “နိုင်ငံခြား ပွဲတော်” ကို အများပြည်သူရှေ့မှာ ဆင်နွှဲပျော်ရွှင်နေတာတွေ့ရင် အပြစ်ပေးမယ်လို့ သတိပေးဖူးပါတယ်။

၂၀ဝ၉ ခုနှစ်မှာ လက်ယာယိမ်း အုပ်စုဖြစ်တဲ့ သျှီဗ ဆေနာက အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ် တောင်ပိုင်းမှာ ဗယ်လင်တိုင်းဒေးမှာ အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်ဆင်ဖို့၊ အရက်ဘားတွေ မသွားဖို့ စောင့်ကြည့်ရေးအတွက် ရဲတွေ ချထားဖူးပါတယ်။ လက်ထပ်ပြီးသူရော လက်မထပ်သေးတဲ့ စုံတွဲတွေရော ဗယ်လင်တိုင်းဒေး ဆင်နွှဲရင် အကြမ်းဖက် ဖြိုခွင်းမယ်လို့ သျှီဗ ဆေနာ အဖွဲ့ခေါင်းဆောင် ပရာမွန် မူသာလစ်က ခြိမ်းခြောက်ဖူးပါတယ်။

သူ့ရဲ့ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ဗယ်လင်တိုင်းဒေးမှာ မူသာလစ်ဆီကို ပန်းရောင် အတွင်းခံ အထည် ၂ ထောင်ပေးပို့ခဲ့လို့ အိန္ဒိယမှာ ‘ပန်းရောင် ချက်ဒ်ဒီ လှုပ်ရှားမှု’ လို့ လူသိများခဲ့ဖူးပါတယ်။

ကိုသင်ကာ