ဗစ္တိုးရီးယားအမႈ စတင္႐ံုးထုတ္၊ ဇူလိုင္လ ၂၄ ရက္ေန႔ ႐ံုးခ်ိန္းျပန္ခ်ိန္း

0
54

ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢလိေက်ာင္းသူ မိန္းကေလးငယ္ မဖြယ္မရာျပဳခံရမႈမွာ စြပ္စြဲဖမ္းဆီးခံထားရသူ ေအာင္ႀကီး (ခ) ေအာင္ေက်ာ္မ်ိဳးကို ဒီေန႔ ဇူလိုင္လ ၁၅ ရက္မွာ ပထမဆံုးအႀကိမ္ ႐ံုးထုတ္ပါတယ္။

ေနျပည္ေတာ္ရွိ ဒကၡိဏခ႐ိုင္ တရား႐ံုးမွာ စတင္႐ံုးထုတ္တာ ျဖစ္ၿပီး စစ္ေဆးျခင္း မရွိေသးဘဲ ေနာက္ထပ္ ႐ံုးခ်ိန္းကို ဇူလိုင္လ ၂၄ ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုထားပါတယ္။ ႐ံုးထုတ္တဲ့ ဒကၡိဏခ႐ိုင္ တရား႐ံုးကို Justice for Victoria စာတန္းပါ အက်ႌ ဝတ္ဆင္ထားသူေတြလည္း လာေရာက္စုေဝးခဲ့ၾကပါတယ္။

ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢလိကေက်ာင္းမွာ Victoria လို႔ ရည္ညႊန္းေခၚဆိုၾကတဲ့ အသက္ ၃ ႏွစ္နီးပါးအရြယ္ မိန္းကေလးငယ္ မဖြယ္မရာ အျပဳခံရမႈ ျဖစ္ပြားခဲ့မႈမွာ သံသယ တရားခံအျဖစ္ ယာဥ္ေမာင္း ေအာင္ႀကီးကို လႊတ္ေပးလိုက္ၿပီးမွာ ျပန္လည္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဗစ်တိုးရီးယားအမှု စတင်ရုံးထုတ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ရုံးချိန်းပြန်ချိန်း


နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကျောင်းသူ မိန်းကလေးငယ် မဖွယ်မရာပြုခံရမှုမှာ စွပ်စွဲဖမ်းဆီးခံထားရသူ အောင်ကြီး (ခ) အောင်ကျော်မျိုးကို ဒီနေ့ ဇူလိုင်လ ၁၅ ရက်မှာ ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။


နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံးမှာ စတင်ရုံးထုတ်တာ ဖြစ်ပြီး စစ်ဆေးခြင်း မရှိသေးဘဲ နောက်ထပ် ရုံးချိန်းကို ဇူလိုင်လ ၂၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။ ရုံးထုတ်တဲ့ ဒက္ခိဏခရိုင် တရားရုံးကို Justice for Victoria စာတန်းပါ အင်္ကျီ ဝတ်ဆင်ထားသူတွေလည်း လာရောက်စုဝေးခဲ့ကြပါတယ်။


နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းမှာ Victoria လို့ ရည်ညွှန်းခေါ်ဆိုကြတဲ့ အသက် ၃ နှစ်နီးပါးအရွယ် မိန်းကလေးငယ် မဖွယ်မရာ အပြုခံရမှု ဖြစ်ပွားခဲ့မှုမှာ သံသယ တရားခံအဖြစ် ယာဉ်မောင်း အောင်ကြီးကို လွှတ်ပေးလိုက်ပြီးမှာ ပြန်လည် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။