ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လွှတ်တော်နည်း၊ လူထုနည်းနဲ့သွားနေတာဖြစ်
0
60
ဖွွဲ့စည်းပုံပြင်ဆင်ရေးဟာ လွှတ်တော်နည်း လူထုနည်းနဲ့ သွားနေတာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး ဖြိုးမင်းပိုင် ကတင်ဆက်ထားပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ဖို့ အတွက် ၄၅ ဦးကော်မတီဖွဲ့ရာမှာ ပါတီပေါင်းစုံနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပါဝင်ပြီး အစီရင်ခံစာမှာတော့ ပြင်ဆင်ရမယ့် အချက်ပေါင်း ၃၇၅၆ ချက်ပါဝင်ပါတယ်။ အခုလို ပြင်ဆင်ဖို့ ဆောင်ရွက်နေတာ နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးက အခုလိုပြောပါတယ်။
monywa 136 (24)- ဦးလှဦး (မုံရွာမြို့မဲဆန္ဒနယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ထောက်ခံ မဲ များတဲ့အတွက် အစီရင်ခံစာတင်သွင်းမှု အနိုင်ရရှိခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာမှာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်တာ ၊ ဖြည့်စွက်တာ ၊ ပယ်ဖျက်တာ ဆိုတဲ့ အချက်တွေလဲ ပါဝင်ကြောင်း ဦးလှဦးကပြောပါတယ်။
monywa 136 (25)- ဦးလှဦး (မုံရွာမြို့မဲဆန္ဒနယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အစီရင်ခံစာကို ဆွေးနွေးဖို့ တပ်မတော်သားကိုယ်စားလှယ် ၁၀ဝ ကျော်ဟာ စာရင်းပေးထားပေမယ့် ဝင်ရောက်ဆွေးနွေးခဲ့ခြင်းတော့ မရှိခဲ့ပါဘူးခင်ဗျား ။