ဖြဲ႔စည္းပံု ဥပေဒသစ္အရ ကင္ဂ်ံဳအြန္ကို ေျမာက္ကိုရီးယား ႏိုင္င့ံဥေသွ်ာင္အျဖစ္ သတ္မွတ္ေခၚဆို

0
76

ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ အသစ္ေရးဆြဲျပဌာန္းလိုက္တဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒသစ္အရ ေခါင္းေဆာင္ ကင္ဂ်ံဳအြန္ကို ႏုိင္ငံ့ဥေသွ်ာင္နဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ တရားဝင္ သတ္မွတ္ေခၚဆိုလိုက္ ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ဖြဲ႔စည္းပံု အေျခခံဥပေဒသစ္ကို မေန႔က အစိုးရပိုင္ ဝက္ဘ္ဆိုက္တစ္ခုမွာ အတည္ျပဳ ေၾကညာခဲ့ၿပီး ေခါင္းေဆာင္ ကင္ဂ်ဴံအြန္ကို ႏိုင္ငံ့အေရးေကာ္မရွင္ (SAC) ရဲ႕ ဥကၠ႒အျဖစ္ ရာထူးသတ္မွတ္ ေဖာ္ျပခဲ့ပါတယ္။ ဒီရာထူးဟာ ေျမာက္ကိုရီးယား ျပည္သူအားလံုးရဲ႕ အထြတ္အျမတ္ ကိုယ္စားလွယ္ျဖစ္ၿပီး စစ္ဘက္ဆုိင္ရာ ကာကြယ္ေရး ဦးစီးခ်ဳပ္ဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္။

ကင္ဂ်ံဳအြန္ဟာ အရင္ဖဲြ႔စည္းပံု ဥပေဒအရ ေျမာက္ကိုရီးယား စစ္အင္အားစုအေပၚ အာဏာအရွိဆံုး ေခါင္းေဆာင္ အျဖစ္သာ သတ္မွတ္ေဖာ္ျပခဲ့တာပါ။ အခု ျပဌာန္းလုိက္တဲ့ ဥပေဒသစ္ဟာ အေမရိကန္နဲ႔ ဆက္ဆံေရး ပိုမုိအဆင္ေျပလာေစဖို႔ ေျမာက္ကိုရီးယားရဲ႕ ႀကိဳးပမ္းခ်က္တစ္ခု ျဖစ္တယ္လို႔ ေျပာပါတယ္။

ဖွဲ့စည်းပုံ ဥပဒေသစ်အရ ကင်ဂျုံအွန်ကို မြောက်ကိုရီးယား နိုင်ငံ့ဥသျှောင်အဖြစ် သတ်မှတ်ခေါ်ဆို


မြောက်ကိုရီးယားနိုင်ငံရဲ့ အသစ်ရေးဆွဲပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ခေါင်းဆောင် ကင်ဂျုံအွန်ကို နိုင်ငံ့ဥသျှောင်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တရားဝင် သတ်မှတ်ခေါ်ဆိုလိုက် ပါတယ်။


မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို မနေ့က အစိုးရပိုင် ဝက်ဘ်ဆိုက်တစ်ခုမှာ အတည်ပြု ကြေညာခဲ့ပြီး ခေါင်းဆောင် ကင်ဂျူံအွန်ကို နိုင်ငံ့အရေးကော်မရှင် (SAC) ရဲ့ ဥက္ကဋ္ဌအဖြစ် ရာထူးသတ်မှတ် ဖော်ပြခဲ့ပါတယ်။ ဒီရာထူးဟာ မြောက်ကိုရီးယား ပြည်သူအားလုံးရဲ့ အထွတ်အမြတ် ကိုယ်စားလှယ်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။


ကင်ဂျုံအွန်ဟာ အရင်ဖွဲ့စည်းပုံ ဥပဒေအရ မြောက်ကိုရီးယား စစ်အင်အားစုအပေါ် အာဏာအရှိဆုံး ခေါင်းဆောင် အဖြစ်သာ သတ်မှတ်ဖော်ပြခဲ့တာပါ။ အခု ပြဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပိုမိုအဆင်ပြေလာစေဖို့ မြောက်ကိုရီးယားရဲ့ ကြိုးပမ်းချက်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။