ဖေလာ္ရီဒါမွာ လူတစ္ဦး ပု႐ြက္နီ အအံုလိုက္ အကိုက္ခံရၿပီး ၇ နာရီေလာက္ သတိလစ္

0
47

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္က လံုၿခံဳေရးတစ္ဦး ပု႐ြက္နီ အအံုလုိက္ ကိုက္ခံရလို႔ ကိုယ္အပူခ်ိန္ အလြန္အမင္း ျမင့္တက္ခဲ့ၿပီး  အသက္ေသဆံုးလုနီးပါး ျဖစ္ခဲ့ပါတယ္။

ပု႐ြက္နီ အံုလိုက္ အကိုက္ခံရတဲ့ ကလစ္ဖို႔ဒ္ ႐ုိက္စ္ဟာ ၇ နာရီေလာက္ သတိလစ္ေနခဲ့ၿပီး သူေနာက္ဆံုး မွတ္မိတာက ပု႐ြက္နီေတြ သူ႔မ်က္ႏွာေပၚကို အံုလိုက္တက္လာ ျဖစ္တယ္လို႔ေျပာပါတယ္။ အသက္ ၄၉ ႏွစ္႐ွိၿပီျဖစ္တဲ့ ႐ုိက္စ္ဟာ ဖေလာ္ရီဒါျပည္နယ္၊ တန္ပါၿမိဳ႕က ေရမြန္ ဂ်ိမ္းစ္ အားကစား႐ံုမွာ လံုၿခံဳေရးလုပ္ေနတာပါ။ သတိလစ္ေမ့ေမ်ာေနတဲ့ ႐ုိက္စ္ကို ပါကင္ထိုးထားတဲ့ ကာႏွစ္စီးၾကားထဲမွာ ေတြ႕႐ွိၿပီးေတာ့ စိန္႔ ဂ်ဳိးဇက္ဖ္ ေဆး႐ံုကို ပို႔ေဆာင္ခဲ့ၾကပါတယ္။

ေဆး႐ံုကို ေရာက္တဲ့အခါ သူဟာ တံု႔ျပန္ျခင္း မ႐ွိေတာ့သလုိ ကုိယ္တုိင္လည္း အသက္မ႐ႈႏုိင္ေတာ့ပါဘူး။ ေရဓာတ္ အလြန္ဆံုး႐ံႈးထားၿပီး ပု႐ြက္နီအဆိပ္နဲ႔ နာရီမ်ားစြာ ထိေတြ႔ထားမႈေၾကာင့္ ႐ုပ္ပိုင္းဆုိင္ရာလည္း ခ်ဳိ႕ယြင္းေနတယ္လို႔ ေဆး႐ံုဝန္ထမ္းေတြက ေျပာပါတယ္။ ႐ုိက္စ္ဟာ အသက္႐ွင္ဖို႔ ရာခိုင္ႏႈန္း အေတာ္ေလး နည္းေနခဲ့ေပမယ့္ အခုအဆင္ေျပသြားၿပီျဖစ္ေၾကာင္း၊ ပုရြက္နီ အကိုက္ခံရမႈေၾကာင့္ ကိုယ္အေလးခ်ိန္ ၂၇ ကီလိုဂ၇မ္ေလာက္ က်ဆင္းသြားခဲ့ၿပီး ဘယ္ဘက္မ်က္စိလည္း ကြယ္သြားခဲ့ေၾကာင္းနဲ႔ အခုအေျခအေနေတြ အားလံုးအဆင္ေျပသြားလို႔ ေဆး႐ံုဆင္းသြားၿပီျဖစ္ေၾကာင္း ေဆး႐ံုရဲ႕ Facebook Page မွာတင္ထားပါတယ္။

ဖလော်ရီဒါမှာ လူတစ်ဦး ပုရွက်နီ အအုံလိုက် အကိုက်ခံရပြီး ၇ နာရီလောက် သတိလစ်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က လုံခြုံရေးတစ်ဦး ပုရွက်နီ အအုံလိုက် ကိုက်ခံရလို့ ကိုယ်အပူချိန် အလွန်အမင်း မြင့်တက်ခဲ့ပြီး အသက်သေဆုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။

ပုရွက်နီ အုံလိုက် အကိုက်ခံရတဲ့ ကလစ်ဖို့ဒ် ရိုက်စ်ဟာ ၇ နာရီလောက် သတိလစ်နေခဲ့ပြီး သူနောက်ဆုံး မှတ်မိတာက ပုရွက်နီတွေ သူ့မျက်နှာပေါ်ကို အုံလိုက်တက်လာ ဖြစ်တယ်လို့ပြောပါတယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ရိုက်စ်ဟာ ဖလော်ရီဒါပြည်နယ်၊ တန်ပါမြို့က ရေမွန် ဂျိမ်းစ် အားကစားရုံမှာ လုံခြုံရေးလုပ်နေတာပါ။ သတိလစ်မေ့မျောနေတဲ့ ရိုက်စ်ကို ပါကင်ထိုးထားတဲ့ ကာနှစ်စီးကြားထဲမှာ တွေ့ရှိပြီးတော့ စိန့် ဂျိုးဇက်ဖ် ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။

ဆေးရုံကို ရောက်တဲ့အခါ သူဟာ တုံ့ပြန်ခြင်း မရှိတော့သလို ကိုယ်တိုင်လည်း အသက်မရှုနိုင်တော့ပါဘူး။ ရေဓာတ် အလွန်ဆုံးရှုံးထားပြီး ပုရွက်နီအဆိပ်နဲ့ နာရီများစွာ ထိတွေ့ထားမှုကြောင့် ရုပ်ပိုင်းဆိုင်ရာလည်း ချို့ယွင်းနေတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။ ရိုက်စ်ဟာ အသက်ရှင်ဖို့ ရာခိုင်နှုန်း အတော်လေး နည်းနေခဲ့ပေမယ့် အခုအဆင်ပြေသွားပြီဖြစ်ကြောင်း၊ ပုရွက်နီ အကိုက်ခံရမှုကြောင့် ကိုယ်အလေးချိန် ၂၇ ကီလိုဂ၇မ်လောက် ကျဆင်းသွားခဲ့ပြီး ဘယ်ဘက်မျက်စိလည်း ကွယ်သွားခဲ့ကြောင်းနဲ့ အခုအခြေအနေတွေ အားလုံးအဆင်ပြေသွားလို့ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း ဆေးရုံရဲ့ Facebook Page မှာတင်ထားပါတယ်။