
0
95




ဖီလာဒဲဖီးယားမှာ သေနတ်ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

အမေရိကန်နိုင်ငံ၊ ဖီလာဒဲဖီးယားမှာ ကျင်းပတဲ့ ဘွဲ့ရ အထိမ်းအမှတ် ပါတီမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားလို့ တစ်ဦး သေဆုံးပြီး တခြား ရှစ်စ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်လေးဦး ခြေထောက်တွေမှာ သေနတ်ထိမှန်ခဲ့ပါတယ်။ အသက် ၂၀ ဝန်းကျင် တခြား လေးဦးလည်း ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သေဆုံးသူ ဘယ်သူဆိုတာကိုတော့ ရဲက သတင်းထုတ်ပြန်ခြင်း မရှိသလို ဘာကြောင့် ပစ်ခတ်မှု ဖြစ်တယ်ဆိုတာလည်း မသိရသေးပါဘူး။ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရသူလည်း မရှိသေးပါဘူး။