
0
33




ဖိလစ်ပိုင် ဒေသခံတွေကို နိုင်ငံခြားက အကြမ်းဖက်သမားတွေ လေ့ကျင့်သင်ကြားပေး

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အသေခံ တိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် ဒေသခံတွေကို နိုင်ငံခြားသား အကြမ်းဖက်သမားတွေက စစ်ပညာ သင်ကြားပေးနေတယ်လို့ လုံခြုံရေး တပ်ဖွဲ့တွေက ပြောပါတယ်။

နိုင်ငံခြားသား ခုနစ်ဦးဟာ ဒေသခံတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ဗုံးခွဲနည်း၊ အကြမ်းဖက် တိုက်ခိုက်နည်းတွေကို လေ့ကျင့်သင်ကြားနေတာပါ။ ဖိလစ်ပိုင်တောင်ပိုင်း ဒေသခံတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ လေ့ကျင့်သင်ကြားပေးနေတာက အမြဲလိုလို ရှိနေကြောင်း ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဖိလစ်ပိုင် တောင်ပိုင်းမှာ ခွဲထွက်ရေး အစ္စလာမ် သူပုန်တွေ ခြေကုပ်ယူထားပြီး အစိုးရတပ်ဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပါတယ်။