
0
49




ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း အိမ်ရှင် ဖိလစ်ပိုင်နဲ့ တစ်အုပ်စုတည်းကျ


ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (က) မှာ အိမ်ရှင် ဖိလစ်ပိုင် အမျိုးသမီးအသင်းနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။


ဖိလစ်ပိုင် အိုလံပစ်ကော်မတီက ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ အတွက် ဘောလုံးအပါအဝင် တစ်ခြားကစားနည်းတွေကို အုပ်စုမဲခွဲခဲ့ပြီး မဲခွဲပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တာပါ။


အုပ်စုမဲခွဲ ခဲ့ရာမှာ မြန်မာအမျိုးသမီး အသင်းက အုပ်စု(က) မှာ အိမ်ရှင် ဖိလစ်ပိုင်အသင်း၊ မလေးရှား အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပါတယ်။