ဖိလစ္ပိုင္မွာ ေသြးလြန္တုပ္ေကြးေၾကာင့္ လူ ၁ ေထာင္ေက်ာ္ ေသ

0
33

ဖိလစ္ပိုင္ႏိုင္ငံ တစ္ဝန္းမွာ ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈ ၂ သိန္းခြဲရွိခဲ့ၿပီး ေသဆံုးသူ ၁ ေထာင္ေက်ာ္ ရွိတာေၾကာင့္ ေဒသတြင္းမွာ ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈ တားဆီးေရး ဗဟိုအစိုးရကို ပိုမိုအားထုတ္ လုပ္ေဆာင္ေစခ်င္ေနၾကပါတယ္။

ေသဆံုးသူ သံုးပံုတစ္ပံုဟာ ကေလးေတြ ျဖစ္ပါတယ္။ က်န္းမာေရး ဝန္ႀကီးဌာန အတြင္းဝန္ ေရာ္နယ္ဒို ဒိုမင္ဂိုကေတာ့ ေဒသဆိုင္ရာ အရာရွိေတြအေနနဲ႔ ျခင္ေၾကာင့္ျဖစ္တဲ့ ေသြးလြန္တုပ္ေကြးေရာဂါ ျပန္႔ပြားမႈ တားဆီေရး ထပ္မံ အားထုတ္လုပ္ေဆာင္ၾကဖို႔နဲ႔ ေသြးလြန္တုပ္ေကြး ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ သယ္ေဆာင္တဲ့ ျခင္ေတြ မေပါက္ဖြားေအာင္ သန္႔သန္႔ရွင္းရွင္း ေနထိုင္ၾကဖို႔ ေမတၱာရပ္ခံထားပါတယ္။

ဖိလစ္ပိုင္ က်န္းမာေရးဌာန၊ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ျဗဴ႐ိုက ၾသဂုတ္လ ၂၄ ရက္ေန႔အထိ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ ၂၄၉၃၃၂ ခု ရွိၿပီး ေသဆံုးသူ ၁၀၂၁ ဦး ရွိေၾကာင္း၊ မႏွစ္ကထပ္ ၁၀၉ ရာခိုင္ႏႈန္း ျမင့္တက္လာေၾကာင္း အစီရင္ခံထားပါတယ္။

ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးကြောင့် လူ ၁ ထောင်ကျော် သေ

ဖိလစ်ပိုင်နိုင်ငံ တစ်ဝန်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၂ သိန်းခွဲရှိခဲ့ပြီး သေဆုံးသူ ၁ ထောင်ကျော် ရှိတာကြောင့် ဒေသတွင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု တားဆီးရေး ဗဟိုအစိုးရကို ပိုမိုအားထုတ် လုပ်ဆောင်စေချင်နေကြပါတယ်။

သေဆုံးသူ သုံးပုံတစ်ပုံဟာ ကလေးတွေ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် ရော်နယ်ဒို ဒိုမင်ဂိုကတော့ ဒေသဆိုင်ရာ အရာရှိတွေအနေနဲ့ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ပြန့်ပွားမှု တားဆီရေး ထပ်မံ အားထုတ်လုပ်ဆောင်ကြဖို့နဲ့ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ် သယ်ဆောင်တဲ့ ခြင်တွေ မပေါက်ဖွားအောင် သန့်သန့်ရှင်းရှင်း နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဖိလစ်ပိုင် ကျန်းမာရေးဌာန၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗြူရိုက သြဂုတ်လ ၂၄ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၂၄၉၃၃၂ ခု ရှိပြီး သေဆုံးသူ ၁၀၂၁ ဦး ရှိကြောင်း၊ မနှစ်ကထပ် ၁၀၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံထားပါတယ်။