
0
53




ဖိလစ်ပိုင်မှာ တရားမဝင် အလုပ်လုပ်တဲ့ ရုရှား အမျိုးသမီး ၁၀ ဦး အဖမ်းခံရ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အရက်ဘားတစ်ခုမှာ တရားမဝင် အလုပ်လုပ်နေတဲ့ ရုရှား အမျိုးသမီး ၁၀ ဦးကို သြဂုတ် ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

တချို့ အရက်ဘားတွေမှာ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ရှာဖွေ စစ်ဆေးစဉ် “ရှားရှား VIP ကလပ်” ကို မနီလာရဲတွေ ည ၉ နာရီ ၄၀ မှာ ရောက်လာပြီး ရုတ်တရက် စစ်ဆေးဖမ်းဆီးခဲ့တာပါ။ အဲဒီ ရှားရှား VIP ကလပ်ကို စစ်ဆေးစဉ် အလုပ်ဗီဇာ မရှိတဲ့ ရုရှား အမျိုးသမီးတွေ အလုပ်လုပ်နေတာ ဖိလစ်ပိုင်ရဲတွေက အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။

ရုရှား အမျိုးသမီးတွေဟာ အသက် ၂၁ နှစ်ကနေ ၂၉ နှစ်အတွင်း ရှိသူတွေ ဖြစ်ကြပါတယ်။ ဘားပိုင်ရှင်က ရေနယ်ဒို ကတ်စတိုဒီယို ဖြစ်ပြီး အမျိုးသမီးတွေကို အလုပ်ဗီဇာ မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ မနီလာရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။