ဖင္လန္မွာ ကိုရီးယား ႏွစ္ႏိုင္ငံနဲ႔ အေမရိကန္ ကုိယ္စားလွယ္ေတြ ေဆြးေႏြး

0
720

ႏ်ဴကလီယား ကင္းစင္ေရးအတြက္ ေျမာက္ကိုရီးယား၊ ေတာင္ကိုရီးယားနဲ႔ အေမရိကန္က ကိုယ္စားလွယ္ေတြ ဖင္လန္ႏိုင္ငံမွာ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လုိ႔ ဖင္လန္နဲ႔ ေတာင္ကိုရီးယား အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဖင္လန္ႏုိင္ငံမွာ ေျမာက္ကိုရီးယားအေရး ေဆြးေႏြးမႈဟာ အေမရိကန္အစိုးရပိုင္းက မဟုတ္တဲ့ အေမရိကန္ ကုိယ္စားလွယ္ေတြ ျဖစ္တယ္လို႔ ဖင္လန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာန တာဝန္ရွိသူ ကန္မို လာဗီဗာတာ က ေျပာပါတယ္။ အေမရိကန္ ႏိုင္ငံဟာ ေျမာက္ကိုရီးယားနဲ႔ တိုက္႐ိုက္ သံတမန္ဆက္ဆံေရး မရွိပါဘူး။

ဒါအျပင္ ေတာင္ကိုရီးယား ႏုိင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ေဆြးေႏြးမႈမွာ ေတာင္ကိုရီးယား အစိုးရ အရွိေဟာင္းေတြနဲ႔ ကၽြမ္းက်င္သူေတြသာ ျပဳလုပ္မွာျဖစ္တယ္လု႔ိ ေျပာခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ ႏ်ဴကလီးယားအေရးၥနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ ေဆြးေႏြးလိုသလို ႏ်ဴကလီယားနဲ႔ ဒံုးက်ည္ အစီအစဥ္ ဖ်က္သိမ္းေရးအတြက္ လိုလားေနတယ္လို႔ ေတာင္ကိုရီးယား အစိုးရ တာဝန္ရွိသူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖင်လန်မှာ ကိုရီးယား နှစ်နိုင်ငံနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဆွေးနွေး

နျူကလီယား ကင်းစင်ရေးအတွက် မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ အမေရိကန်က ကိုယ်စားလှယ်တွေ ဖင်လန်နိုင်ငံမှာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဖင်လန်နဲ့ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖင်လန်နိုင်ငံမှာ မြောက်ကိုရီးယားအရေး ဆွေးနွေးမှုဟာ အမေရိကန်အစိုးရပိုင်းက မဟုတ်တဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ ကန်မို လာဗီဗာတာ က ပြောပါတယ်။ အမေရိကန် နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ တိုက်ရိုက် သံတမန်ဆက်ဆံရေး မရှိပါဘူး။

ဒါအပြင် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဆွေးနွေးမှုမှာ တောင်ကိုရီးယား အစိုးရ အရှိဟောင်းတွေနဲ့ ကျွမ်းကျင်သူတွေသာ ပြုလုပ်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားအရေး္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးလိုသလို နျူကလီယားနဲ့ ဒုံးကျည် အစီအစဉ် ဖျက်သိမ်းရေးအတွက် လိုလားနေတယ်လို့ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူက ပြောပါတယ်။