ပွဲစားတွေကို ကြပ်မတ်ပေးဖို့ ထိုင်းနဲ့ မြန်မာအစိုးရကို တောင်းဆို

0
188

ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို အထောက်အထားလုပ်ပေးနေရာမှာ ပွဲစားတွေ ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိအောင် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများအနေနဲ့ ကြပ်မတ်ပေးသင့်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဇူလိုင် ၂၄ ရက်ကစလို့ ထိုင်းနိုင်ငံတဝန်းမှာ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို အထောက်အထားလုပ်ပေးနေရာမှာ ထိုင်းအလုပ်ရှင်တွေဟာ သူတို့ကိုယ်တိုင် အလုပ်သမားရုံးကို မသွားဘဲ ပွဲစားနဲ့စေလွှတ်လုပ်ဆောင်စေပါတယ်။

ဒီအတွက် အလုပ်သမားတစ်ဦးကို ဘတ် ၈၀၀၀ ကနေ ၁၂၀၀၀ လောက်ထိ ပေးနေရတယ်၊ လစာတွေထဲက ဖြတ်တောက်ခံနေရတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးထူးချစ်က “လက်ရှိထိုင်းနိုင်ငံမှာ၊ နေထိုင်လုပ်ကိုင်ခွင့် အထောက်အထား၊ တွေထုတ်ပေးနေတဲ့အချိန်မှာ တချို့အလုပ်သမားနဲ့ ၊ အလုပ်ရှင်တွေက၊ ပွဲစားတွေအကူအညီနဲ့ လုပ်နေတာတွေရှိပါတယ်။ ထိုင်း-မြန်မာ အစိုးရတွေ သတ်မှတ်ထားတဲ့ဈေးတွေထက် များပါတယ်။

အစိုးရနှစ်ရပ်ပေါင်းပြီး၊ ကြားပွဲစားတွေနဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၊ ဝင်ပြီးလုပ်လို့ မရအောင်၊ ကြပ်ကြပ်မတ်မတ်လုပ်သင့်တယ်လို့ ထင်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေ၊လွယ်လွယ်ကူကူနဲ့ လုပ်လို့ ရမဲ့ ပုံစံမျိုးလုပ်ပေးနိုင်ရင်တော့၊ အဆင်ပြေမယ်ထင်ပါတယ်။ ထိုင်း-မြန်မာအစိုးရနှစ်ရပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။”လို့ ပြောပါတယ်။

အထောက်အထားလုပ်ရာမှာ အမှန်တကယ်ကုန်ကျစရိတ်က ဘတ် ၃၀၀၀ ခန့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်း ရှိ မြို့၁၁မြို့ မှာ စင်တာ ၉၉ ခုဖွင့်လှစ်ပြီး အထောက်အထားလုပ်ပေးနေတာဖြစ်ပါတယ်။
(USA)