ပံုစံ ၇ ေပးၿပီးေငြေခ်းရမယ္ဆိုရင္ လံုေလာက္ေအာင္ေခ်းေပးဖို႔ အစိုးရဆီ ေတာင္းဆိုမယ္ (႐ုပ္/သံ)

0
703

စိုက္ပ်ိဳးစရိတ္ေခ်းေငြေခ်းေငြထုတ္ေခ်းမယ္႔ အစီအစဥ္အသစ္အရ ပံုစံ ၇ မူရင္းကို သိမ္းယူမယ္ဆိုရင္ လံုလာက္ေအာင္ ထုတ္ေခ်းေပးဖို႔နဲ႔ ႏွစ္ရွည္ေခ်းေငြရရွိေရး နိင္ငံေတာ္အစုးရဆီ တင္ျပ ေတာင္းဆိုသြားဖို႔ ရွိေနပါတယ္။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီကေပးပို႔ ထားပါတယ္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို အခုအခါ တစ္ဦးခ်င္းစာခ်ဳပ္စနစ္နဲ႕ ထုတ္ေခ်းေပးေနတာျဖစ္ျပီး လယ္တစ္ဧကကို ၁သိန္းခြဲ ထုတ္ေခ်းသြားမွာျဖစ္သလို ၁၀ဧကအထိ ေငြေခ်းေပးမွာ ျဖစ္ပါတယ္ ။ အခု ေငြေခ်းတဲ႔စနစ္သစ္မွာ ေငြေခ်းတဲ႔ ေတာင္သူေတြ အေနနဲ႔ လယ္ယာေျမပံုစံ ၇ ကို စိုက္ပ်ိဳးေရးဘဏ္မွာ ေပးထားရမွာ ျဖစ္ပါတယ္။

အခုလို စိုက္ပ်ိဳးေရးဘဏ္ကို ပံုစံ ၇ ေပးထားရမယ္ဆိုရင္ အျခားလိုအပ္တဲ႕ သြင္းအားစုေတြ ဝယ္ယူဖို႔ အမံခံအျဖစ္ေပးရနဲ႔ ပံုစံ ၇ မရွိေတာ႔တာေၾကာင့္ အစိုးရအေနနဲ႔ လံုေလာက္တဲ႔ နစ္ရွည္ေခ်းေငြထုတ္ေခ်းဖို႔ ေတာင္သူေတြက လိုလားေနၾကတာပါ ။

အင္တာဗ်ဴး ဦးေဌးေအာင္ ( ေတာင္သူ )

ဒါ့အျပင္ ေတာင္သူေတြဟာ ရာသီဥတုေဖာက္ျပန္မႈေတြနဲ႕ အျမဲတမ္းႀကံဳေတြ႕ေနရတဲ႔အတြက္ ျပန္လည္ရင္း ႏွီးစိုက္ပ်ိဳးဖို႔ ေတြလိုအပ္တဲ႕အခါ ကာလတိုေခ်းေငြနဲ႔ အဆင္မေျပျဖစ္ေနပါတယ္ ။ အဲ႔ဒီအတြက္ ေတာင္သူေတြကို အစိုးရက လံုေလာက္တဲ႔ ႏွစ္ရွည္ေခ်းေငြ ထုတ္ေခ်းေပးဖို႔ တင္ျပေတာင္းခံ သြားမယ္လို႔ လယ္သမားအေရးလူပ္ရွားသူေတြကေျပာပါတယ္ ။

အင္တာဗ်ဴး ဦးသိန္းေအာင္ ( ဥကၠ႒)
(လယ္သမားဘဝဖြံ႔ျဖိဳးေရးအသင္း)

ဧရာဝတီတိုင္းအတြင္းမွာ ေတာင္သူ၁သိန္းေက်ာ္က စိုက္ပ်ိဳးေရးဘဏ္ကို ေပးသြင္းဖို႔ က်ံရွိေငြ က်ပ္သန္းေပါင္း ၈ေသာင္းေက်ာ္ရွိေနပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စိုက်ပျိုးစရိတ်ချေးငွေချေးငွေထုတ်ချေးမယ့် အစီအစဉ်အသစ်အရ ပုံစံ ၇ မူရင်းကို သိမ်းယူမယ်ဆိုရင် လုံလာက်အောင် ထုတ်ချေးပေးဖို့နဲ့ နှစ်ရှည်ချေးငွေရရှိရေး နိင်ငံတော်အစုးရဆီ တင်ပြ တောင်းဆိုသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ ထားပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို အခုအခါ တစ်ဦးချင်းစာချုပ်စနစ်နဲ့ ထုတ်ချေးပေးနေတာဖြစ်ပြီး လယ်တစ်ဧကကို ၁သိန်းခွဲ ထုတ်ချေးသွားမှာဖြစ်သလို ၁၀ဧကအထိ ငွေချေးပေးမှာ ဖြစ်ပါတယ် ။ အခု ငွေချေးတဲ့စနစ်သစ်မှာ ငွေချေးတဲ့ တောင်သူတွေ အနေနဲ့ လယ်ယာမြေပုံစံ ၇ ကို စိုက်ပျိုးရေးဘဏ်မှာ ပေးထားရမှာ ဖြစ်ပါတယ်။

အခုလို စိုက်ပျိုးရေးဘဏ်ကို ပုံစံ ၇ ပေးထားရမယ်ဆိုရင် အခြားလိုအပ်တဲ့ သွင်းအားစုတွေ ဝယ်ယူဖို့ အမံခံအဖြစ်ပေးရနဲ့ ပုံစံ ၇ မရှိတော့တာကြောင့် အစိုးရအနေနဲ့ လုံလောက်တဲ့ နစ်ရှည်ချေးငွေထုတ်ချေးဖို့ တောင်သူတွေက လိုလားနေကြတာပါ ။

အင်တာဗျူး ဦးဌေးအောင် ( တောင်သူ )

ဒါ့အပြင် တောင်သူတွေဟာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ အမြဲတမ်းကြုံတွေ့နေရတဲ့အတွက် ပြန်လည်ရင်း နှီးစိုက်ပျိုးဖို့ တွေလိုအပ်တဲ့အခါ ကာလတိုချေးငွေနဲ့ အဆင်မပြေဖြစ်နေပါတယ် ။ အဲ့ဒီအတွက် တောင်သူတွေကို အစိုးရက လုံလောက်တဲ့ နှစ်ရှည်ချေးငွေ ထုတ်ချေးပေးဖို့ တင်ပြတောင်းခံ သွားမယ်လို့ လယ်သမားအရေးလူပ်ရှားသူတွေကပြောပါတယ် ။

အင်တာဗျူး ဦးသိန်းအောင် ( ဥက္ကဋ္ဌ)
(လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း)

ဧရာဝတီတိုင်းအတွင်းမှာ တောင်သူ၁သိန်းကျော်က စိုက်ပျိုးရေးဘဏ်ကို ပေးသွင်းဖို့ ကျံရှိငွေ ကျပ်သန်းပေါင်း ၈သောင်းကျော်ရှိနေပါတယ် ခင်ဗျာ ။