ပဲခူးၿမိဳ႕ စက္သုံးဆီဆိုင္မွာ ဆီေဘာက္ဆာယာဥ္ မီးေလာင္

0
51

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕ရွိ စက္သံုးဆီဆိုင္ တစ္ဆိုင္မွာ ဆီေဘာက္ဆာ ၁၂ ဘီးယာဥ္ မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။

ၾသဂုတ္လ ၁၉ ရက္ေန႔က ဘုရားႀကီးၿမိဳ႕၊ (၂) ရပ္ကြက္၊ ရန္ကုန္-မႏၱေလး ကားလမ္းေဘးရွိ ေအာင္သေျပ စက္သံုးဆီဆိုင္မွာ ေက်ာ္စြာလြင္ (၃၀ ႏွစ္) ေမာင္းႏွင္တဲ့ ဆီေဘာက္ဆာ ၁၂ ဘီးယာဥ္ဟာ ယာဥ္ေပၚက ဓာတ္ဆီေတြကို ေျမေအာက္ဆီေလွာင္ကန္ထဲ ျဖည့္ေနစဥ္ ပိုက္ေခါင္းျပဳတ္က်ကာ ယာဥ္ေနာက္တန္းနဲ႔ ႐ိုက္မိၿပီး မီးပြားပြင့္ထြက္ မီးေလာင္ခဲ့တာပါ။

မီးေလာင္မႈေၾကာင့္ ဓာတ္ဆီ ၁၆၀၀ ဂါလံ၊ ယာဥ္ ကိုယ္ထည္ ၂ ကန္႔နဲ႔ တာယာ ၁၀ လုံး မီးေလာင္ဆုံး႐ႈံးခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ပါဘူး။ ယာဥ္ေမာင္း ေက်ာ္စြာလြင္ကို ဘုရားႀကီးနယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၂၈၅ (မီးေလာင္မႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနပါတယ္။

ပဲခူးမြို့ စက်သုံးဆီဆိုင်မှာ ဆီဘောက်ဆာယာဉ် မီးလောင်


ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်မှာ ဆီဘောက်ဆာ ၁၂ ဘီးယာဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။


သြဂုတ်လ ၁၉ ရက်နေ့က ဘုရားကြီးမြို့၊ (၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ အောင်သပြေ စက်သုံးဆီဆိုင်မှာ ကျော်စွာလွင် (၃၀ နှစ်) မောင်းနှင်တဲ့ ဆီဘောက်ဆာ ၁၂ ဘီးယာဉ်ဟာ ယာဉ်ပေါ်က ဓာတ်ဆီတွေကို မြေအောက်ဆီလှောင်ကန်ထဲ ဖြည့်နေစဉ် ပိုက်ခေါင်းပြုတ်ကျကာ ယာဉ်နောက်တန်းနဲ့ ရိုက်မိပြီး မီးပွားပွင့်ထွက် မီးလောင်ခဲ့တာပါ။


မီးလောင်မှုကြောင့် ဓာတ်ဆီ ၁၆၀ဝ ဂါလံ၊ ယာဉ် ကိုယ်ထည် ၂ ကန့်နဲ့ တာယာ ၁၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါဘူး။ ယာဉ်မောင်း ကျော်စွာလွင်ကို ဘုရားကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။