ပဲခူးျမစ္ကူးတံတား (ၿမိဳ႕ဦးကင္း) တည္ေဆာက္

0
62

ၿမိဳ႕ျပအိမ္ရာႀကီးတစ္ခု အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ပဲခူးျမစ္ကူးတံတား(ၿမိဳ႕ဦးကင္း) တည္ေဆာက္ေရးစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အဆိုပါ ပဲခူးျမစ္ကူးတံတား(ၿမိဳ႕ဦးကင္း)မွာ ပဲခူးၿမိဳ႕ စိန္သာေလ်ာင္းဘုရားနဲ႔ သိမိန္ဗရမ္းလမ္းကို ဆက္သြယ္တဲ့ လမ္းေပၚရွိ ပဲခူးျမစ္ကိုျဖတ္ၿပီး တည္ေဆာက္ေနတဲ့ တံတားျဖစ္ပါတယ္။  အဲဒီတံတားကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ခြင့္ျပဳရန္ပုံေငြက်ပ္သန္းေပါင္း ၁၇၅၇ ဒသမ ၇၉ သန္းအကုန္ အက်ခံ တည္ေဆာက္သြားမွာပါ။

ပဲခူးျမစ္ကူးတံတား (ၿမိဳ႕ဦးကင္း)ဟာ အရွည္ေပ ၅၁၈ ဒသမ ၄ ေပရွိၿပီး လူသြား လမ္းအက်ယ္ တစ္ဖက္ကို ေျခာက္ေပစီနဲ႔ ယာဥ္သြားလမ္းအက်ယ္ ၂၈ ေပ စုစုေပါင္း တံတား အက်ယ္ေပ ၄၀ ရွိတဲ့  သံကူကြန္ ကရစ္တံတားျဖစ္ပါတယ္။

အဲဒီတံတား တည္ေဆာက္ေရးစီမံကိန္းကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက စတင္ေဆာင္႐ြက္ခဲ့တာပါ။  တံတားတည္ေဆာက္ၿပီးစီးၿပီဆိုပါက ပဲခူး ၿမိဳ႕တြင္း ယာဥ္ေၾကာရႈပ္ေထြးပိတ္ဆို႔မႈ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းလာေစဖို႔နဲ႔ ကုန္စည္စီးဆင္းမႈေတြ ပိုမိုျမန္ဆန္လာေစမွာ ျဖစ္ၿပီး လာမယ့့္္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ကုန္ပိုင္းမွာ တံတားလုပ္ငန္းမ်ားအၿပီးသတ္ တည္ေဆာက္ဖို႔ လ်ာထားတာလည္း ျဖစ္ပါတယ္။

 ဓာတ္ပုံ-စိုးျမင့္ေအာင္

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) တည်ဆောက်


မြို့ပြအိမ်ရာကြီးတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


အဆိုပါ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)မှာ ပဲခူးမြို့ စိန်သာလျောင်းဘုရားနဲ့ သိမိန်ဗရမ်းလမ်းကို ဆက်သွယ်တဲ့ လမ်းပေါ်ရှိ ပဲခူးမြစ်ကိုဖြတ်ပြီး တည်ဆောက်နေတဲ့ တံတားဖြစ်ပါတယ်။ အဲဒီတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၁၇၅၇ ဒသမ ၇၉ သန်းအကုန် အကျခံ တည်ဆောက်သွားမှာပါ။


ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း)ဟာ အရှည်ပေ ၅၁၈ ဒသမ ၄ ပေရှိပြီး လူသွား လမ်းအကျယ် တစ်ဖက်ကို ခြောက်ပေစီနဲ့ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ စုစုပေါင်း တံတား အကျယ်ပေ ၄၀ ရှိတဲ့ သံကူကွန် ကရစ်တံတားဖြစ်ပါတယ်။


အဲဒီတံတား တည်ဆောက်ရေးစီမံကိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ဆောင်ရွက်ခဲ့တာပါ။ တံတားတည်ဆောက်ပြီးစီးပြီဆိုပါက ပဲခူး မြို့တွင်း ယာဉ်ကြောရှုပ်ထွေးပိတ်ဆို့မှု ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလာစေဖို့နဲ့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုမြန်ဆန်လာစေမှာ ဖြစ်ပြီး လာမယ့်် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ပိုင်းမှာ တံတားလုပ်ငန်းများအပြီးသတ် တည်ဆောက်ဖို့ လျာထားတာလည်း ဖြစ်ပါတယ်။