
0
55





ပဲခူးရေကြီးမှုကြောင့် ရေဘေးရှောင်စခန်း ၂၃ ခု အထိရှိလာ


ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ပဲခူးမြစ်ရေဟာ စိုးရိမ် ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၃၅ စင်တီမီတာ မြင့်တက်လာခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။


ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ် ရှစ်ရပ်ကွက်မှာ ရေဘေးရှောင်စခန်း ၂၃ ခု အထိရှိလာပြီး ရေဘေးရှောင် ၁၅၀ဝဝ ခန့်ရှိနေရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။


လက်ရှိမှာ ရေဘေးရှောင်ပြည်သူတွေကို စနစ်တကျထောက်ပံ့နိုင်ရေးအတွက် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း ရွှေမော်ဓောဘုရား အနီးရှိ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမမှာ ဗဟိုထောက်ပံ့ရေးစခန်းဖွင့်လှစ်ပြီး ထောက်ပံ့ရေး နဲ့ အလှူရှင်လက်ခံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပးနေတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ရေဘေးရှောင်စခန်းမှာ လူဦးရေ တစ်သောင်းကျော် ရှိလာဖြစ်တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။