ပုဂံခေတ် နံရံဆေးရေးပန်းချီတွေမှာ ဘယ်လို ဖန်တီးမှု လျှို့ဝှက်ချက်တွေရှိနေလဲ

0
119





● ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း ဝင်၊ မဝင် မကြာခင် UNESCO က ဆုံးဖြတ်ဖို့ ရှိနေချိန်မှာပဲ ပုဂံခေတ် နံရံဆေးရေးပန်းချီတွေအကြောင်းကို မြန်မာနိုင်ငံသားတွေ ပိုမိုသိရှိနားလည်လာပြီး တန်ဘိုးထား ထိန်းသိမ်းလိုတဲ့ စံနှုန်းတွေ မြင့်မားလာစေဖို့ “ပုဂံခေတ် နံရံဆေးရေးပန်းချီတွေရဲ့ ဖန်တီးမှု လျှို့ဝှက်ချက်တွေအကြောင်း” ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

● MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “ယဉ်ကျေးမှုအမွေ အဓွန့်ရှည် ကာကွယ်ထာဝရ စောင့်ရှောက်ကြ” (Towards The Sustainable Heritage) အစီအစဉ်ရဲ့ (ဒုတိယပိုင်း) မှာ နံရံပန်းချီတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ဆရာဦးသန်းဇော်ကို တွေ့ဆုံမေးမြန်း တင်ဆက်ပေးထားပါတယ်။

● အပြည့်အစုံကို “ယဉ်ကျေးမှုအမွေ အဓွန့်ရှည် ကာကွယ်ထာဝရ စောင့်ရှောက်ကြ” (Towards The Sustainable Heritage) ရုပ်/သံ အစီအစဉ်မှာ ရှု့စားနိုင်ကြမှာပါ။ ဒီအစီစဉ်ကို MCN ရုပ်/သံ သတင်းဌာနနဲ့အတူ မြန်မာနိုင်ငံရေးဟောင်းသုတေသန ပညာအသင်း MAA တို့က ပူးပေါင်း စီစဉ်တင်ဆက် ပေးထားတာဖြစ်ပါတယ်။