ပုဂၢလိကေက်ာင္းေတြကုိ MIC ေအာက္မွာ ထားျခင္းက မွားယြင္းတဲ့စနစ္ျဖစ္

0
82

ပုဂၢလိကေက်ာင္းေတြကုိ ပညာေရးဝန္ႀကီးဌာန လက္ေအာက္မွာ မထားဘဲ ျမန္မာႏုိင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ ေအာက္မွာ အျမတ္အစြန္းအေျချပဳ ဖြင့္လွစ္ေပးထားျခင္းဟာ မွားယြင္းတဲ့စနစ္တစ္ခု ျဖစ္ေနတယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၁၀) က လႊတ္ေတာ္ကုိယ္စားလွယ္ ေနာ္လွလွစုိးက  ေဝဖန္ေျပာၾကား ခဲ့ပါတယ္။

ၾသဂုတ္လ ၁၄ ရက္ေန႔က အမ်ဳိးသားလႊတ္ေတာ္ အစည္းအေဝးမွာ ရန္ကုန္တုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၈) က လႊတ္ေတာ္ကုိယ္စားလွယ္  ဦးေက်ာ္ေထြး တင္သြင္းထားတဲ့ နုိင္ငံျခားတကၠသုိလ္ ဒါမွမဟုတ္ ပညာေရး အဖြဲ႔အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးျဖစ္ေစ၊ မိမိကုိယ္ပုိင္ သင္႐ိုးညႊန္းတမ္းေတြနဲ႔ျဖစ္ေစ ဖြင့္လွစ္သင္ၾကားပုိ႔ခ်ေနတဲ့ ပုဂၢလိက ပညာေရးသင္တန္းေက်ာင္းေတြရဲ႕ အရည္အေသြး အဆင့္အတန္းကုိ စစ္ေဆး အကဲျဖတ္ျခင္းနဲ႔ အဲဒီသင္တန္း ေက်ာင္းေတြက ထုတ္ေပးေနတဲ့ လက္မွတ္ေတြကုိ စိစစ္ၿပီး သတင္းထုန္ျပန္ေပးဖုိ႔ ေဆြးေႏြးစဥ္ အခုလုိ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ေက်ာင္းစရိတ္ေတြကုိ ပုံေအာေပးၿပီးေတာ့မွ ေက်ာင္းဖြင့္သင္ၾကားျခင္း မရွိဘဲ ေငြယူၿပီး ထြက္ေျပးေနတာ ေတြကုိလည္း ၾကားေနရေၾကာင္း၊ ပုဂၢလိက ကုိယ္ပုိင္ေက်ာင္း ဖြင့္လိုပါက မွတ္ပုံတင္ျခင္းကုိ စည္ပင္မွာ မွတ္ပုံတင္ခြင့္ေပးထားၿပီး စည္ပင္ကလည္း ပညာေရးဝန္ႀကီးဌာနရဲ႕ ေထာက္ခံစာ ယူခုိင္းေပမယ့္ ဥပေဒမွာ မပါတဲ့အတြက္ ပညာေရးဝန္ႀကီးဌာနက ေထာက္ခံမႈ မေပးႏုိင္ဘဲနဲ႔ ကန္႔ကြက္ရန္မရွိဆုိတဲ့ မွတ္ခ်က္ကုိသာ ေပးႏုိင္ခြင့္ရွိျခင္းဟာလည္း တာဝန္ယူမႈ၊ တာဝန္ခံတဲ့ဌာန မရွိသလုိ ျဖစ္ေနေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ပုဂ္ဂလိကကျောင်းတွေကို MIC အောက်မှာ ထားခြင်းက မှားယွင်းတဲ့စနစ်ဖြစ်


ပုဂ္ဂလိကကျောင်းတွေကို ပညာရေးဝန်ကြီးဌာန လက်အောက်မှာ မထားဘဲ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် အောက်မှာ အမြတ်အစွန်းအခြေပြု ဖွင့်လှစ်ပေးထားခြင်းဟာ မှားယွင်းတဲ့စနစ်တစ်ခု ဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) က လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ဝေဖန်ပြောကြား ခဲ့ပါတယ်။


သြဂုတ်လ ၁၄ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး တင်သွင်းထားတဲ့ နိုင်ငံခြားတက္ကသိုလ် ဒါမှမဟုတ် ပညာရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းတွေနဲ့ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေတဲ့ ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းတွေရဲ့ အရည်အသွေး အဆင့်အတန်းကို စစ်ဆေး အကဲဖြတ်ခြင်းနဲ့ အဲဒီသင်တန်း ကျောင်းတွေက ထုတ်ပေးနေတဲ့ လက်မှတ်တွေကို စိစစ်ပြီး သတင်းထုန်ပြန်ပေးဖို့ ဆွေးနွေးစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


ကျောင်းစရိတ်တွေကို ပုံအောပေးပြီးတော့မှ ကျောင်းဖွင့်သင်ကြားခြင်း မရှိဘဲ ငွေယူပြီး ထွက်ပြေးနေတာ တွေကိုလည်း ကြားနေရကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဖွင့်လိုပါက မှတ်ပုံတင်ခြင်းကို စည်ပင်မှာ မှတ်ပုံတင်ခွင့်ပေးထားပြီး စည်ပင်ကလည်း ပညာရေးဝန်ကြီးဌာနရဲ့ ထောက်ခံစာ ယူခိုင်းပေမယ့် ဥပဒေမှာ မပါတဲ့အတွက် ပညာရေးဝန်ကြီးဌာနက ထောက်ခံမှု မပေးနိုင်ဘဲနဲ့ ကန့်ကွက်ရန်မရှိဆိုတဲ့ မှတ်ချက်ကိုသာ ပေးနိုင်ခွင့်ရှိခြင်းဟာလည်း တာဝန်ယူမှု၊ တာဝန်ခံတဲ့ဌာန မရှိသလို ဖြစ်နေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။