ပုဂံ ေဒသခံေတြရဲ႕ အသံကို အစိုးရ နားေထာင္လာေအာင္ ဘယ္လို လုပ္ၾကမလဲ

0
256

● ပုဂံေဒသအေရး အစိုးရ တာ၀န္ရွိသူေတြ ေဒသခံျပည္သူေတြရဲ႕ အသံနားေထာင္လာေအာင္ အေျဖရွာေဆာင္ရြက္ဖို႔ ဘယ္လို နည္းလမ္းေတြ ရွိေနႏိုင္မလဲဆိုၿပီး ပုဂံေဒသခံ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူ လူငယ္တစ္ဦးျဖစ္တဲ့ ကိုခ်စ္မင္းအိမ္က ေမးခြန္းထုတ္လိုက္ပါတယ္။။

● ပုဂံေဒသ ယဥ္ေက်းမႈအေမြအႏွစ္ စီမံခန္႔ခြဲေရး အသိပညာေပး ေဟာေျပာပြဲေတြမွာ အစိုးရ၊ လႊတ္ေတာ္နဲ႔ စီမံခန္႔ခြဲေရးပိုင္း အဓိကတာ၀န္ရွိသူေတြ တက္ေရာက္မႈ မရွိတဲ့အတြက္ ေဒသခံေတြရဲ႕ အသံကို မၾကားႏိုင္သလို ေဒသခံေတြရဲ႕ လိုလားခ်က္ေတြကိုလည္း အေကာင္အထည္ေဖာ္တာမ်ိဳး မရွိတဲ့အျပင္ ပုဂံေဒသ အက်ိဳးစီးပြား ျဖစ္ထြန္းမလာတဲ့ အေျခအေနကို အေျဖရွာတဲ့အေနနဲ႔ ေဆြးေႏြးခဲ့တာပါ။

● ဒါ့အျပင္ ဖြဲ႔စည္းၿပီးျဖစ္တဲ့ တိုင္းေဒသႀကီး ယဥ္ေက်းမႈအေမြအႏွစ္ စီမံခန္႔ခြဲေရးေကာ္မတီ (ယာယီ) ကို စတင္ဖြဲ႔စည္းခဲ့စဥ္က ဒီမိုကေရစီစနစ္နဲ႔အညီ ဖြဲ႔စည္းခဲ့တာမ်ိဳး ဟုတ္၊ မဟုတ္နဲ႔ ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္ေတြဟာ အေမြအႏွစ္ေတြအေပၚ သက္ေရာက္မႈ တစ္စံုတစ္ရာရွိခဲ့ရင္ ဘယ္လုိ တာ၀န္ယူ၊ တာ၀န္ခံမႈေတြ ရွိေနလဲ ဆိုတာေတြကိုပါ ေမးခြန္းထုတ္ ခဲ့တာျဖစ္ပါတယ္။

● အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီရဲ႕ ေညာင္ဦးခ႐ိုင္ လူငယ္တာ၀န္ခံ ကိုခ်စ္မင္းအိမ္က ၾသဂုတ္လ ၁၁ ရက္ေန႔က ပုဂံေဒသမွာ ျမန္မာႏိုင္ငံေရွးေဟာင္းသုေတသန ပညာအသင္းနဲ႔ ပုဂံၿမိဳ႕မိၿမိဳဖ ေတြပူးေပါင္းက်င္းပတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးဆုိင္ရာ အသိပညာေပးေဟာေျပာပြဲမွာ အဲ့ဒီလို ေမးျမန္းေဆြးေႏြးခဲ့တာပါ။

● ဒီအေပၚကို အေမြအႏွစ္စီမံခန္႔ခြဲေရး ဆိုင္ရာ လူထု စကားဝုိင္းေဆြးေႏြးပြဲမွာ ဦးေဆာင္ပါ၀င္ ေဆြးေႏြးခဲ့ၾကသူေတြျဖစ္တဲ့ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ အႀကံေပးပုဂၢိဳလ္ျဖစ္သလို ျမန္မာနုိင္ငံ ေရွးေဟာင္းသုေတသန ပညာအသင္းရဲ႕ ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ ေဒၚဥမၼာမ်ိဳး၊ ကမၻာ့အေမြအႏွစ္ အဆိုျပဳလႊာ တင္သြင္းေရးေကာ္မတီရဲ႕ အဖြဲ႔ဝင္၊ မႏၱေလးနည္းပညာတကၠသုိလ္၊ ဗိသုကာပညာဌာနရဲ႕ ပါေမာကၡ (ဌာနမွဴး) ေဒါက္တာစုစု၊ ပုဂံေဒသရွိ ေရွးေဟာင္း အေဆာက္အအုံမ်ား ထိန္းသိမ္းေရး နည္းပညာအေထာက္ အကူအဖြဲ႔ (Technical Support Team- TST) ရဲ႕ အဖြဲ႔တည္ေထာင္သူ ဦးေဇမ်ိဳးလင္းနဲ႔ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာန (ပုဂံဌာနခြဲ) က ဒုတိယညႊန္္ၾကားေရးမႈး ဦးစုိးစုိးလင္းတို႔မွ ျပန္လည္ ေဆြးေႏြးေပးထားၾကတာျဖစ္ပါတယ္။


● ပုဂံဒေသအရေး အစိုးရ တာဝန်ရှိသူတွေ ဒေသခံပြည်သူတွေရဲ့ အသံနားထောင်လာအောင် အဖြေရှာဆောင်ရွက်ဖို့ ဘယ်လို နည်းလမ်းတွေ ရှိနေနိုင်မလဲဆိုပြီး ပုဂံဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုချစ်မင်းအိမ်က မေးခွန်းထုတ်လိုက်ပါတယ်။

● ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေး အသိပညာပေး ဟောပြောပွဲတွေမှာ အစိုးရ၊ လွှတ်တော်နဲ့ စီမံခန့်ခွဲရေးပိုင်း အဓိကတာဝန်ရှိသူတွေ တက်ရောက်မှု မရှိတဲ့အတွက် ဒေသခံတွေရဲ့ အသံကို မကြားနိုင်သလို ဒေသခံတွေရဲ့ လိုလားချက်တွေကိုလည်း အကောင်အထည်ဖော်တာမျိုး မရှိတဲ့အပြင် ပုဂံဒေသ အကျိုးစီးပွား ဖြစ်ထွန်းမလာတဲ့ အခြေအနေကို အဖြေရှာတဲ့အနေနဲ့ ဆွေးနွေးခဲ့တာပါ။

● ဒါ့အပြင် ဖွဲ့စည်းပြီးဖြစ်တဲ့ တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးကော်မတီ (ယာယီ) ကို စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီစနစ်နဲ့အညီ ဖွဲ့စည်းခဲ့တာမျိုး ဟုတ်၊ မဟုတ်နဲ့ ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေဟာ အမွေအနှစ်တွေအပေါ် သက်ရောက်မှု တစ်စုံတစ်ရာရှိခဲ့ရင် ဘယ်လို တာဝန်ယူ၊ တာဝန်ခံမှုတွေ ရှိနေလဲ ဆိုတာတွေကိုပါ မေးခွန်းထုတ် ခဲ့တာဖြစ်ပါတယ်။

● အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ညောင်ဦးခရိုင် လူငယ်တာဝန်ခံ ကိုချစ်မင်းအိမ်က သြဂုတ်လ ၁၁ ရက်နေ့က ပုဂံဒေသမှာ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံမြို့မိမြိုဖ တွေပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ အဲ့ဒီလို မေးမြန်းဆွေးနွေးခဲ့တာပါ။

● ဒီအပေါ်ကို အမွေအနှစ်စီမံခန့်ခွဲရေး ဆိုင်ရာ လူထု စကားဝိုင်းဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသူတွေဖြစ်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်သလို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်ဥမ္မာမျိုး၊ ကမ္ဘာ့အမွေအနှစ် အဆိုပြုလွှာ တင်သွင်းရေးကော်မတီရဲ့ အဖွဲ့ဝင်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ဗိသုကာပညာဌာနရဲ့ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစုစု၊ ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး နည်းပညာအထောက် အကူအဖွဲ့ (Technical Support Team- TST) ရဲ့ အဖွဲ့တည်ထောင်သူ ဦးဇေမျိုးလင်းနဲ့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ဒုတိယညွှန်ကြားရေးမှုး ဦးစိုးစိုးလင်းတို့မှ ပြန်လည် ဆွေးနွေးပေးထားကြတာဖြစ်ပါတယ်။