ပုဂံ အေမြအႏွစ္စီမံခန္႔ခြဲ႔ေရးမွာ ဥပေဒကို မလိုက္နာပဲ ဆံုးျဖတ္ခ်င္ရာ ဆံုးျဖတ္ေနတာ အာဏာရွင္အျပဳအမူဟုဆို

0
157

● ပုဂံေဒသ အေမြအႏွစ္စီမံခန္႔ခြဲ႔ေရးလုပ္ငန္းေတြမွာ ဥပေဒကို ေလးစားလိုက္နာမႈ မရွိပဲ ဆံုးျဖတ္ခ်င္ရာကို ဆံုးျဖတ္၊ ကိုယ္လုပ္ခ်င္ရာကို လုပ္ေနတာေတြဟာ အာဏာရွင္အျပဳအမူေတြသာျဖစ္တယ္လို႔ အေမြအႏွစ္စီမံခန္႔ခြဲေရးပညာရွင္ ေဒၚဥမၼာမ်ိဳးက ေျပာၾကားလိုက္ပါတယ္။

● ဒါ့အျပင္ ဒီမိုကေရစီအစိုးရလက္ထက္ျဖစ္တာေၾကာင့္ ကိုယ္ လုပ္ခ်င္တာကို လုပ္လို႔ရတယ္ဆိုတာမရွိပဲ ဥပေဒကို ေလးစားလုိက္နာၿပီး ဥပေဒနဲ႔အညီသာ ေဆာင္ခြင့္ရွိတယ္လို႔လည္း ျမန္မာနုိင္ငံ ေရွးေဟာင္းသုေတသနပညာအသင္းရဲ႕ ဗဟုိအလုပ္အမႈေဆာင္ေကာ္မတီ၀င္ျဖစ္သူ ေဒၚဥမၼာမ်ိဳးက ေျပာၾကားလိုက္တာပါ။

● ဒီလို ဥပေဒကို ေလးစားလိုက္နာဖို႔နဲ႔ ဥပေဒနဲ႔အညီ ျဖစ္ဖို႔ဆိုတာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အစဥ္တစိုက္ ေျပာၾကားေနတဲ့ မူ၀ါဒျဖစ္သလို ႏိုင္ငံေတာ္ေရွ႕ဆက္သြားေနတဲ့ ဒီမိုကေရစီလမ္းေၾကာင္းျဖစ္တာေၾကာင့္ ေဒသခံေတြေရာ စီမံခန္႔ခြဲသူေတြပါ ဥပေဒနဲ႔ ေဆာင္ရြက္ၾကဖို႔လုိတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။


● ပုဂံဒေသ အမွေအနှစ်စီမံခန့်ခွဲ့ရေးလုပ်ငန်းတွေမှာ ဥပဒေကို လေးစားလိုက်နာမှု မရှိပဲ ဆုံးဖြတ်ချင်ရာကို ဆုံးဖြတ်၊ ကိုယ်လုပ်ချင်ရာကို လုပ်နေတာတွေဟာ အာဏာရှင်အပြုအမူတွေသာဖြစ်တယ်လို့ အမွေအနှစ်စီမံခန့်ခွဲရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်တာကြောင့် ကိုယ် လုပ်ချင်တာကို လုပ်လို့ရတယ်ဆိုတာမရှိပဲ ဥပဒေကို လေးစားလိုက်နာပြီး ဥပဒေနဲ့အညီသာ ဆောင်ခွင့်ရှိတယ်လို့လည်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သူ ဒေါ်ဥမ္မာမျိုးက ပြောကြားလိုက်တာပါ။

● ဒီလို ဥပဒေကို လေးစားလိုက်နာဖို့နဲ့ ဥပဒေနဲ့အညီ ဖြစ်ဖို့ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစဉ်တစိုက် ပြောကြားနေတဲ့ မူဝါဒဖြစ်သလို နိုင်ငံတော်ရှေ့ဆက်သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းဖြစ်တာကြောင့် ဒေသခံတွေရော စီမံခန့်ခွဲသူတွေပါ ဥပဒေနဲ့ ဆောင်ရွက်ကြဖို့လိုတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။