ပုဂံမြို့ဟောင်းအတွင်း UNESCO စာရင်းဝင်ပြီး ခုချိန်ထိ အဆောက်အအုံ တိုးချဲ့ဆောက်လုပ်မှုတွေ ရှိနေ

0
187






● ပုဂံဒေသ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်သွားခဲ့ပြီး ဖြစ်ပမယ့် အမွေအနှစ်ဇုံအဖြစ် သက်မှတ်ထားတဲ့ ပုဂံမြို့ဟောင်းအတွင်း ဒီကနေ့အချိန်အထိ အဆောက်အအုံ တိုးချဲ့ဆောက်လုပ်မှုတွေ၊ စက်ယန္တယားကြီးတွေကို အသုံးပြုပြီး မြေကြီးတူးဖော်မှုတွေကို လုပ်ဆောင်နေတုန်းပဲလို့ ပုဂံဒေသခံတွေက ပြောပါတယ်။

● အဲ့ဒီလို အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အမြန်ဆုံး ထိန်းသိမ်းပေးဖို့ UNESCO စာရင်းဝင်အောင် ဆောင်ရွက်ခဲ့ကြသူတွေ၊ ပညာရှင်တွေနဲ့ အများအကျိုးအတွက်ဆိုတဲ့သူတွေအနေနဲ့ အစိုးရကို ထိန်းသိမ်းဆောင်ရွက်အောင် တိုက်တွန်းဖို့ တာဝန်မရှိဘူးလားလို့လည်း မေးခွန်းထုတ်ခဲ့တာပါ။

● သြဂုတ်လ ၁၁ ရက်နေ့က ပုဂံဒေသမှာ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံမြို့မိမြိုဖ တွေပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ညောင်ဦးဒေသခံ တစ်ဦးက မေးခွန်းထုတ်ခဲ့တာပါ။

● ဒီအပေါ်ကို အမွေအနှစ်စီမံခန့်ခွဲရေး ဆိုင်ရာ လူထု စကားဝိုင်းဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြတဲ့ ဘာသာရပ်အလိုက် ပညာရှင်တွက အဖြေရှာ ဆွေးနွေးပေးထားကြပါတယ်။