ပုဂံဒေသ အမွေအနှစ် စီမံခန့်ခွဲမှုကော်မတီမှာ အစိုးရ၀န်ထမ်းနဲ့ ဒေသခံတွေ ၁/၅ ပါဝင်ခွင့် ရဖို့လို

0
107




● ပုဂံဒေသရဲ့ ယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာ ဒေသခံတွေရဲ့ သဘောထား ဆန္ဒတွေ ပိုမိုပါဝင်စေဖို့ ၂၀၁၉ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဥပဒေအတွက် ပြဌာန်းရမယ့် နည်းဥပဒေအရ ဖွဲ့စည်းဖို့ရှိနေတဲ့ ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ၁ ပုံ နဲ့ ဒေသခံတွေက ၅ ပုံလောက် ပါဝင်ခွင့်ရဖို့ လိုတယ်လို့ ပုဂံမြို့သစ်က မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးသန်းကျော်က ပြောကြား လိုက်ပါတယ်။

● သြဂုတ်လ ၁၁ ရက်နေ့က ပုဂံဒေသမှာ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံမြို့မိမြိုဖ တွေပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ပုဂံမြို့သစ်က မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးသန်းကျော်က ပြောကြားတာပါ။