ပုဂံေဒသ အေမြအႏွစ္စာရင္းမွာ ေရရွည္တည္တံ့ဖို သတင္းမီဒီယာသစ္ေတြကို သံုးဖို႔လို

0
113

● ပုဂံေဒသ ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းမွာ ေရရွည္တည္တံ့ဖို႔ ေဒသခံေတြ အေနနဲ႔ သတင္းမီဒီယာသစ္ နည္းပညာေတြကို အသံုးျပဳၿပီး အေမြးအႏွစ္ထိန္းသိမ္းေရးလုပ္ငန္းေတြအျပင္ ယဥ္ေက်းမႈအေျချပဳ စီးပြားေရးလုပ္ငန္းေတြကိုပါ ျမႇင့္တင္ၾကဖို႔ လိုအပ္တယ္လို႔ ျမန္မာနုိင္ငံ ေရွးေဟာင္း သုေတသနပညာအသင္းရဲ႕ ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ျဖစ္သလို MCN TV News ရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္သူ ဦးအံ့ဘုန္းျမတ္က ေျပာၾကားလိုက္ပါတယ္။

● ဒါ့အျပင္ ပုဂံကိုလာတဲ့ ႏိုင္ငံျခားသားဧည့္သည္ေတြ ေရသန္႔ဗူး ၀ယ္ေသာက္သြားတာ ေလာက္နဲ႔ ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းမွာ ေရရွည္တည္တံ့ဖို႔ဆိုတာ မျဖစ္ႏိုင္ပဲ ေဒသခံေတြရဲ႕ ျဒပ္ရွိ ျဒပ္မဲ့ ယဥ္ေက်းမႈေတြကို အေျခခံတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔အတူ ၿမိဳ႕ျပကို အေျချပဳထားတဲ့ ခရီးသြား ၀န္ေဆာင္မႈက႑ဖြံ႔ၿဖိဳးလာမွသာ ေရရွည္တည္တံ့ႏိုင္မွာ ျဖစ္တယ္လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

● ၾသဂုတ္လ ၁၁ ရက္ေန႔က ေညာင္ဦးသံတဲဟိုတယ္မွာ ျမန္မာနုိင္ငံ ေရွးေဟာင္းသုေတသန ပညာအသင္းနဲ႔ ပုဂံေဒသေနျပည္သူမ်ား ပူးေပါင္းက်င္းပတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးဆုိင္ရာ အသိပညာေပးေဟာေျပာပြဲႏွင့္ အေမြအႏွစ္စီမံခန္႔ခြဲေရး ဆိုင္ရာ လူထု စကားဝုိင္းေဆြးေႏြးပြဲအဲ့ဒီလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။


● ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ရေရှည်တည်တံ့ဖို့ ဒေသခံတွေ အနေနဲ့ သတင်းမီဒီယာသစ် နည်းပညာတွေကို အသုံးပြုပြီး အမွေးအနှစ်ထိန်းသိမ်းရေးလုပ်ငန်းတွေအပြင် ယဉ်ကျေးမှုအခြေပြု စီးပွားရေးလုပ်ငန်းတွေကိုပါ မြှင့်တင်ကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်သလို MCN TV News ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးအံ့ဘုန်းမြတ်က ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် ပုဂံကိုလာတဲ့ နိုင်ငံခြားသားဧည့်သည်တွေ ရေသန့်ဗူး ဝယ်သောက်သွားတာ လောက်နဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ရေရှည်တည်တံ့ဖို့ဆိုတာ မဖြစ်နိုင်ပဲ ဒေသခံတွေရဲ့ ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုတွေကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့အတူ မြို့ပြကို အခြေပြုထားတဲ့ ခရီးသွား ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးလာမှသာ ရေရှည်တည်တံ့နိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

● သြဂုတ်လ ၁၁ ရက်နေ့က ညောင်ဦးသံတဲဟိုတယ်မှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံဒေသနေပြည်သူများ ပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမွေအနှစ်စီမံခန့်ခွဲရေး ဆိုင်ရာ လူထု စကားဝိုင်းဆွေးနွေးပွဲအဲ့ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။