ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပြုပြင်ရမယ့် မှတ်ချက်တွေနဲ့သာ စာရင်းဝင်လိမ့်မယ်

0
43






● ပုဂံဒေသ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပြုပြင်ဆောင်ရွက်ရမယ့် မှတ်ချက်တွေနဲ့သာ စာရင်းဝင်လိမ့်မယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းက ပြောကြားလိုက်ပါတယ်။

● လက်ရှိ ပုဂံယဉ်ကျေးမှုဒေသမှာ အကောင်အထည်ဖော်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့အတူ ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှုဆိုင်ရာ အမှားအယွင်းတွေကြောင့် အဲ့ဒီလို မှတ်ချက်တွေနဲ့ ထည့်သွင်းဖော်ပြတာမျိုး ဖြစ်လာနိုင်တာလို့ အဲ့ဒီအသင်းရဲ့ အတွင်းရေးမှူး ကိုသူရအောင်က ပြောကြားလိုက်တာပါ။

● ဒါ့အပြင် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆက်လုပ်နေပြီး အမွေအနှစ် စီမံခန့်ခွဲမှုဆိုင်ရာ အမှားအယွင်းတွေကို သုံးသပ် ပြင်ဆင်မှုတွေကို UNESCO က သက်မှတ်မယ့် ကာလအတွင်း မလုပ်ဆောင်ခဲ့ရင်လည်း အန္တရာယ်ရှိ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်တာမျိုးတွေကိုလည်း ခံရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးနေတဲ့ “ပုဂံ ယဉ်ကျေးမှုဒေသနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း” (World Heritage List & Bagan Heritage Area) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။