ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ အဆုံးအဖြတ်ပေးမယ့် စာရင်းထဲပါဝင်

0
84






● ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အဆုံးအဖြတ်ပေးဖို့ တင်သွင်းထားတဲ့ စာရင်းထဲမှာ ပါဝင်နေပြီး အလှည့်ကျ အဖွဲ့ဝင်နိုင်ငံတွေထဲက ၆ နိုင်ငံလောက်ရဲ့ ထောက်ခံမှု ရရှိခဲ့မယ် ဆိုရင်တောင် စာရင်းဝင်နိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။

● ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာတော့ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့ကိုမှာ ကျင်းပနေတဲ့ UNESCO ရဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ ပုဂံဒေသနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးဖို့ ရှိနေတာပါ။

● ဒီလိုဆွေးနွေးဖို့ ရှိနေတဲ့ အခြေအနေ အသေးစိတ်ကို သိရဖို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲက ယဉ်ကျေးမှုရေးရာ ကျွမ်းကျင်ပညာရှင် Mr. Michele Romano နဲ့အတူ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက အတွင်းရေးမှူး ကိုသူရအောင်တို့ ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးနေတဲ့ “ပုဂံဒေသနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း” (World Heritage List & Bagan Heritage Area) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။