ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ အခြေအနေကောင်းဟုဆို

0
136






● ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ UNESCO ရဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ စိတ်ဝင်စားမှု မြင့်မားပြီး အခြေအနေကောင်းလှတယ်လို့ အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်ဥမ္မာမျိုးက ပြောကြားလိုက်ပါတယ်။

● အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့ကို အစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲက ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါ်ဥမ္မာမျိုးကို MCN သတင်းဌာနက Skype က တဆင့် ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

● ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး UNESCO ရဲ့ (၄၃) ကြိမ်မြောက်အစည်းအဝေးက အခြေအနေအသေးစိတ်ကိုတော့ အထူးဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။