ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးနောက် အစိုးရနဲ့ ပြည်သူတွေ တာဝန်ပိုကြီးလာမယ်

0
91





● ပုဂံဒေသ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပြီဖြစ်တဲ့အတွက် အစိုးရအဆက်ဆက်နဲ့ ပြည်သူတွေမှာ တာဝန်ပိုမို ကြီးမားလာမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ပြောကြားလိုက်ပါတယ်။

● UNESCO ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံကနေ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်တဲ့အပေါ် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့ကို အစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဆရာဒေါက်တာသိန်းလွင်ကို ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးနေတဲ့ “ပုဂံ ယဉ်ကျေးမှုဒေသနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း” (World Heritage List & Bagan Heritage Area) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။