ပုဂံဒေသဟာ အမွေအနှစ် စီမံခန့်ခွဲရေးအလွဲအမှားတွေကြောင့် ပိုမိုပျက်ဆီးဟုဆို

0
102





● ပုဂံဒေသဟာ ဘိုးတော်ဘုရားလက်ထက်ကစပြီး အခုအချိန် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဆိုင်ရာ အလွဲအမှားတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်မှု ကြီးမားခဲ့ရတယ် လို့ ပုဂံမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ပုဂံမြို့သူပုန်းရည်ကြီးလုပ်ငန်းပိုင်ရှင် ဦးရဲမြတ်အောင်က ပြောကြား လိုက်ပါတယ်။

● ဒါ့အပြင် ပုဂံဒေသခံတွေဟာ အမွေအနှစ်ထိန်းသိမ်းရေးတွေကို မိရိုးဖလာ အဓိကတာဝန်လို သဘောထားပြီး ဆောင်ရွက်နေကြပေမယ့်လည်း အမွေအနှစ်စီမံခန့်ခွဲမှု အခြေခံပညာ CRM နဲ့ အမွေအနှစ်ပေါ် ထိခိုက်မှုဆန်းစစ်ချက် HIA တွေကို ဒေသခံတွေ ပိုမိုသိရှိဖို့ လိုအပ်လာပြီလို့လည်း သူက ပြောကြားခဲ့တာပါ။

● သြဂုတ်လ ၁၁ ရက်နေ့က ညောင်ဦးသံတဲဟိုတယ်မှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံဒေသနေပြည်သူများ ပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမွေအနှစ်စီမံခန့်ခွဲရေး ဆိုင်ရာ လူထု စကားဝိုင်းဆွေးနွေးပွဲအဲ့ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။