ပုဂံေဒသက အျငင္းပြားဖြယ္ရာ အေမြအႏွစ္ဇံုသတ္မွတ္မႈေတြကို နည္းပညာအသံုးျပဳ ေဖာ္ထုတ္သင့္

0
92

● ပုဂံေဒသက အျငင္းပြားဖြယ္ရာနဲ႔ ေမးခြန္းထုတ္စရာ ယဥ္ေက်းမႈအေမြအႏွစ္ဇံု ဧရိယာ သတ္မွတ္မႈေတြကို ေဒသခံေတြ နည္းပညာအသံုးျပဳ ေဖာ္ထုတ္ၿပီး ျပင္ဆင္သတ္မွတ္ႏိုင္ေအာင္ အစိုးရကို တိုက္တြန္းသင့္တယ္လို႔ ျမန္မာနုိင္ငံ ေရွးေဟာင္းသုေတသနပညာအသင္းရဲ႕ နည္းပညာအတုိင္ပင္ခံျဖစ္သူ 3XVIVR Co.,Ltd ရဲ႕ မန္းေနဂ်င္းဒါရုိက္တာျဖစ္တဲ့ ဦးညီလင္းဆက္က ေျပာၾကားလိုက္ပါတယ္။

● ဒါ့အျပင္ ပုဂံေဒသ ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းမွာ ေရရွည္တည္တံ့ဖို႔ ေဒသခံေတြအေနနဲ႔ နည္းပညာကို အသံုးျပဳၿပီး အေမြးအႏွစ္ထိန္းသိမ္းေရးလုပ္ငန္းေတြ၊ အေမြအႏွစ္ စီမံခန္႔ခြဲေရး လုပ္ငန္းေတြနဲ႔အတူ အေမြအႏွစ္အေပၚ ထိခိုက္မႈဆန္းစစ္ခ်က္ေတြကို ေဆာင္ရြက္ၾကဖို႔ကိုလည္း သူက တိုက္တြန္းထားတာပါ။

● ၾသဂုတ္လ ၁၁ ရက္ေန႔က ေညာင္ဦးသံတဲဟိုတယ္မွာ ျမန္မာနုိင္ငံ ေရွးေဟာင္းသုေတသန ပညာအသင္းနဲ႔ ပုဂံေဒသေနျပည္သူမ်ား ပူးေပါင္းက်င္းပတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးဆုိင္ရာ အသိပညာေပးေဟာေျပာပြဲႏွင့္ အေမြအႏွစ္စီမံခန္႔ခြဲေရး ဆိုင္ရာ လူထု စကားဝုိင္းေဆြးေႏြးပြဲအဲ့ဒီလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။


● ပုဂံဒေသက အငြင်းပွားဖွယ်ရာနဲ့ မေးခွန်းထုတ်စရာ ယဉ်ကျေးမှုအမွေအနှစ်ဇုံ ဧရိယာ သတ်မှတ်မှုတွေကို ဒေသခံတွေ နည်းပညာအသုံးပြု ဖော်ထုတ်ပြီး ပြင်ဆင်သတ်မှတ်နိုင်အောင် အစိုးရကို တိုက်တွန်းသင့်တယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းရဲ့ နည်းပညာအတိုင်ပင်ခံဖြစ်သူ 3XVIVR Co.,Ltd ရဲ့ မန်းနေဂျင်းဒါရိုက်တာဖြစ်တဲ့ ဦးညီလင်းဆက်က ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ရေရှည်တည်တံ့ဖို့ ဒေသခံတွေအနေနဲ့ နည်းပညာကို အသုံးပြုပြီး အမွေးအနှစ်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ အမွေအနှစ် စီမံခန့်ခွဲရေး လုပ်ငန်းတွေနဲ့အတူ အမွေအနှစ်အပေါ် ထိခိုက်မှုဆန်းစစ်ချက်တွေကို ဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းထားတာပါ။

● သြဂုတ်လ ၁၁ ရက်နေ့က ညောင်ဦးသံတဲဟိုတယ်မှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံဒေသနေပြည်သူများ ပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမွေအနှစ်စီမံခန့်ခွဲရေး ဆိုင်ရာ လူထု စကားဝိုင်းဆွေးနွေးပွဲအဲ့ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#ပုဂံ #အမွေအနှစ် #ရှေးဟောင်းသုတေသန #UNESCO