ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ရာနှုန်းပြည့် သေချာနေပြီဟုဆို

0
64





● ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ရာနှုန်းပြည့် သေချာနေပြီလို့ အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင် ဒေါ်ဥမ္မာမျိုးက ပြောကြားလိုက်ပါတယ်။

● အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့မှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံကို တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောကြားလိုက်တာပါ။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးနေတဲ့ “ပုဂံ ယဉ်ကျေးမှုဒေသနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း” (World Heritage List & Bagan Heritage Area) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။