ပုဂံဟာ ကမာၻ႔အေမြအႏွစ္ ျဖစ္ဖို႔ ေသခ်ာေန

0
145

ကေနာင္ျဖဴ

အဇာဘုိင္ဂ်န္ႏိုင္ငံ၊ ဘာကုၿမိဳ႕မွာ က်င္းပေနတဲ့ ၄၃ ႀကိမ္ေျမာက္ ကမာၻ႔အေမြအႏွစ္ ညီလာခံကေန ပုဂံကို ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ဖို႔ ရာႏႈန္းျပည့္ ေသခ်ာေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ျမန္မာႏိုင္ငံဟာ ကုလသမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႔ (ယူနက္စကို) အဖြဲ႔ဝင္အျဖစ္ ၁၉၄၈ ခုႏွစ္မွာ ဝင္ေရာက္ခဲ့ပါတယ္။

ပုဂံ၊ ကမၻာ့အေမြအႏွစ္နဲ႔ စစ္အစိုးရလက္ထက္ အေျခအေန

ကမာၻ႔အေမြအႏွစ္ ကြန္ဗင္း႐ွင္း (World Heritage Convention) သေဘာတူညီခ်က္ကို ၁၉၉၄ ခုႏွစ္မွာ လတ္မွတ္ေရးထိုးခဲ့ၿပီး ၁၉၉၆ ခုႏွစ္မွာ ႏိုင္ငံအတြင္း႐ွိ ေ႐ွးေဟာင္းေနရာ ၁၆ ခုကို ကမာၻ႔အေမြအႏွစ္ ပဏာမ အဆိုျပဳလႊာ (Tentative List) အျဖစ္ တင္သြင္းခဲ့ပါတယ္။ ဒီလုိတင္သြင္းခဲ့တဲ့ ေ႐ွးေဟာင္းေနရာ ၁၆ ေနရာထဲမွာ ပုဂံလည္း ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ ၁၉၉၆ ခုႏွစ္မွာ တင္သြင္းခဲ့ခ်ိန္တုန္းက ယဥ္ေက်းမႈအေမြအႏွစ္ကို ကာကြယ္ထားတဲ့ ဥပေဒ မ႐ွိျခင္း၊ အေမြအႏွစ္ဇုန္အတြင္း ေဂါက္ကလပ္နဲ႔ ပုဂံၿမိဳ႕ျမင္ကြင္းကို ပ်က္စီးေစႏိုင္တဲ့ လမ္း (ဆူဟာတိုလမ္း) တို႔ ေဖာက္လုပ္ထားျခင္းတို႔ေၾကာင့္ ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ဖို႔ ေရႊ႕ဆုိင္း (defer) လုပ္ ခံခဲ့ရပါတယ္။

ဒီလုိ ေရႊ႕ဆိုင္းခံရတာေၾကာင့္ စစ္အစိုးရက ကမာၻ႔အေမြအႏွစ္အျဖစ္ ဆက္လက္ တင္သြင္းျခင္းကို ရပ္ဆိုင္းခဲ့သလုိ ယူနက္စကိုနဲ႔ ျမန္မာအစိုးရၾကား ဆက္ဆံေရးလည္း ျပတ္ေတာက္သလုိ ျဖစ္ခဲ့ရပါတယ္။

ပုဂံ၊ ကမာၻ႔အေမြအႏွစ္နဲ႔ အရပ္သားအစုိးရ လက္ထက္

၂၀၁၂ ခုႏွစ္၊ ၾသဂုတ္လ ၈ ရက္ေန႔မွာ ယူနက္စကိုရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ပုဂံကို လာေရာက္လည္ပတ္ခဲ့ၿပီး ပုဂံကို ကမာၻ႔အေမြအႏွစ္စာရင္း ျပန္လည္တင္သြင္းဖို႔ သက္ဆိုင္ရာ တာဝန္႐ွိသူေတြကို တိုက္တြန္းခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၄ ခုႏွစ္၊ အရပ္သားအစုိးရ လက္ထက္မွာ ပုဂံကို ကမာၻ႔အေမြအႏွစ္အျဖစ္ ဆက္လက္တင္သြင္းျခင္း လုပ္ငန္းကို ျပန္လည္ ႀကိဳးပမ္းလာခဲ့ပါတယ္။

ဒုတိယအႀကိမ္ ျပန္လည္တင္သြင္းတဲ့ အခ်ိန္မွာေတာ့ ပုဂံကို ကမာၻ႔အေမြအႏွစ္ စံႏႈန္းသတ္မွတ္ခ်က္ အမ်ိဳးအစား အမွတ္ ၃၊ ၄၊ ၆ တို႔နဲ႔ အဆိုျပဳ တင္သြင္းခဲ့ၾကပါတယ္။ လက္႐ွိမွာ ပုဂံဟာ ေ႐ွးေဟာင္း သာသနိက အေဆာက္အအုံေပါင္း ၃၈၂၂ ဆူ က်န္႐ွိေနၿပီး ၄၂ စတုရန္းကီလုိမီတာ အက်ယ္႐ွိတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ ေဒသအျဖစ္ ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းခဲ့တာပါ။ 

ဇြန္လ ၃၀ ရက္ေန႔ကေန ဇူလုိင္လ ၁၀ ရက္ေန႔အထိ အဇာဘုိင္ဂ်န္ႏိုင္ငံ၊ ဘာကူၿမိဳ႕မွာ က်င္းပတဲ့ အခု ၄၃ ႀကိမ္ေျမာက္ ကမာၻ႔အေမြအႏွစ္ ညီလာခံကေန ပုဂံကို ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ဖို႔ ရာႏႈန္းျပည့္ ေသခ်ာေနတယ္လို႔ ညီလာခံက လာတဲ့ သတင္းေတြအရ ၾကားသိေနရပါတယ္။

(ၿပီး)

ပုဂံဟာ ကမ္ဘာ့အမွေအနှစ် ဖြစ်ဖို့ သေချာနေ
ကနောင်ဖြူ
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့မှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံကနေ ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ရာနှုန်းပြည့် သေချာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အဖွဲ့ဝင်အဖြစ် ၁၉၄၈ ခုနှစ်မှာ ဝင်ရောက်ခဲ့ပါတယ်။

ပုဂံ၊ ကမ္ဘာ့အမွေအနှစ်နဲ့ စစ်အစိုးရလက်ထက် အခြေအနေ
ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း (World Heritage Convention) သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်မှာ လတ်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ နိုင်ငံအတွင်းရှိ ရှေးဟောင်းနေရာ ၁၆ ခုကို ကမ္ဘာ့အမွေအနှစ် ပဏာမ အဆိုပြုလွှာ (Tentative List) အဖြစ် တင်သွင်းခဲ့ပါတယ်။ ဒီလိုတင်သွင်းခဲ့တဲ့ ရှေးဟောင်းနေရာ ၁၆ နေရာထဲမှာ ပုဂံလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၆ ခုနှစ်မှာ တင်သွင်းခဲ့ချိန်တုန်းက ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ထားတဲ့ ဥပဒေ မရှိခြင်း၊ အမွေအနှစ်ဇုန်အတွင်း ဂေါက်ကလပ်နဲ့ ပုဂံမြို့မြင်ကွင်းကို ပျက်စီးစေနိုင်တဲ့ လမ်း (ဆူဟာတိုလမ်း) တို့ ဖောက်လုပ်ထားခြင်းတို့ကြောင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ရွှေ့ဆိုင်း (defer) လုပ် ခံခဲ့ရပါတယ်။


ဒီလို ရွှေ့ဆိုင်းခံရတာကြောင့် စစ်အစိုးရက ကမ္ဘာ့အမွေအနှစ်အဖြစ် ဆက်လက် တင်သွင်းခြင်းကို ရပ်ဆိုင်းခဲ့သလို ယူနက်စကိုနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေးလည်း ပြတ်တောက်သလို ဖြစ်ခဲ့ရပါတယ်။

ပုဂံ၊ ကမ္ဘာ့အမွေအနှစ်နဲ့ အရပ်သားအစိုးရ လက်ထက်


၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ ယူနက်စကိုရဲ့ ညွှန်ကြားရေးမှူးချုပ် ပုဂံကို လာရောက်လည်ပတ်ခဲ့ပြီး ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း ပြန်လည်တင်သွင်းဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်၊ အရပ်သားအစိုးရ လက်ထက်မှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် ဆက်လက်တင်သွင်းခြင်း လုပ်ငန်းကို ပြန်လည် ကြိုးပမ်းလာခဲ့ပါတယ်။


ဒုတိယအကြိမ် ပြန်လည်တင်သွင်းတဲ့ အချိန်မှာတော့ ပုဂံကို ကမ္ဘာ့အမွေအနှစ် စံနှုန်းသတ်မှတ်ချက် အမျိုးအစား အမှတ် ၃၊ ၄၊ ၆ တို့နဲ့ အဆိုပြု တင်သွင်းခဲ့ကြပါတယ်။ လက်ရှိမှာ ပုဂံဟာ ရှေးဟောင်း သာသနိက အဆောက်အအုံပေါင်း ၃၈၂၂ ဆူ ကျန်ရှိနေပြီး ၄၂ စတုရန်းကီလိုမီတာ အကျယ်ရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခဲ့တာပါ။


ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပတဲ့ အခု ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံကနေ ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ရာနှုန်းပြည့် သေချာနေတယ်လို့ ညီလာခံက လာတဲ့ သတင်းတွေအရ ကြားသိနေရပါတယ်။
(ပြီး)