ပုဂံနဲ႔ ပတ္သက္ၿပီး အစိုးရ အရင္လို “ဂ်ာေအး သူ႔အေမ႐ိုက္” လုပ္ေနလို႔ မရဟုဆို

0
193

● ပုဂံေဒသ ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း ၀င္ၿပီးတဲ့ေနာက္ အေမြအႏွစ္ စီမံခန္႔ခြဲေရးေတြမွာ အရင္ကလို ျပႆနာ တစ္ခုျဖစ္လာရင္ အစိုးရအေနနဲ႔ “ဂ်ာေအး သူ႔အေမ႐ိုက္” သလို “မုန္႔လံုး စကၠဴကပ္” လုပ္ေနလို႔ မရေတာ့ဘူးလို႔ ပုဂံေဒသခံ အေမြအႏွစ္ထိန္းသိမ္းေရး တက္ၾကြလႈပ္ရွားသူေတြက ေျပာၾကားလိုက္ပါတယ္။

● ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း၀င္အျဖစ္ ပုဂံေဒသကို UNESCO က ေၾကညာၿပီးတဲ့ေနာက္ပိုင္း ပုဂံေဒသခံေတြၾကားမွာ ဘယ္လို ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဘယ္လို စိုးရိမ္စိတ္ေတြ ေပၚေပါက္ေနလဲဆိုတာ သိရဖို႔ ဆက္သြယ္ေမးျမန္းရာမွာ “ပုဂံ-ေညာင္ဦးေဒသ ယဥ္ေက်းမႈေဒသ ေဖာ္ေဆာင္ေရးအဖြဲ႔” ၀င္ ဦးေက်ာ္ေဆြက ေျပာၾကားလိုက္တာပါ။

● ဆက္သြယ္ေမးျမန္းခန္း အစီအစဥ္မွာေတာ့ “ပုဂံ-ေညာင္ဦးေဒသ ယဥ္ေက်းမႈေဒသ ေဖာ္ေဆာင္ေရးအဖြဲ႔” ၀င္ တစ္ဦးျဖစ္သလို တုိင္းေဒသႀကီးအဆင့္ ပုဂံေဒသ ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းကာကြယ္ေရး ေကာ္မတီ၀င္ တစ္ဦးလည္းျဖစ္တဲ့ ဦးေက်ာ္ေဆြနဲ႔အတူ ပုဂံေဒသမွာ အေျချပဳၿပီး ပုဂံေခတ္ နံရံေဆးေရးပန္းခ်ီေတြကို ေလ့လာၿပီး သုေတသနျပဳလုပ္ေနတဲ့ ဦးသန္းေဇာ္တို႔က ပါ၀င္ေဆြးေႏြးေပးထားၾကပါတယ္။

● အျပည့္အစံုကိုေတာ့ MCN သတင္းဌာနက အထူးအစီအစဥ္အျဖစ္ တင္ဆက္ေပးေနတဲ့ “ပုဂံ ယဥ္ေက်းမႈေဒသႏွင့္ ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္း” (World Heritage List & Bagan Heritage Area) အစီအစဥ္မွာ ႐ႈ႕စားႏိုင္ၾကမွာ ျဖစ္ပါတယ္။


● ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ပြီးတဲ့နောက် အမွေအနှစ် စီမံခန့်ခွဲရေးတွေမှာ အရင်ကလို ပြဿနာ တစ်ခုဖြစ်လာရင် အစိုးရအနေနဲ့ “ဂျာအေး သူ့အမေရိုက်” သလို “မုန့်လုံး စက္ကူကပ်” လုပ်နေလို့ မရတော့ဘူးလို့ ပုဂံဒေသခံ အမွေအနှစ်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြားလိုက်ပါတယ်။

● ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံဒေသကို UNESCO က ကြေညာပြီးတဲ့နောက်ပိုင်း ပုဂံဒေသခံတွေကြားမှာ ဘယ်လို မျှော်လင့်ချက်တွေနဲ့ ဘယ်လို စိုးရိမ်စိတ်တွေ ပေါ်ပေါက်နေလဲဆိုတာ သိရဖို့ ဆက်သွယ်မေးမြန်းရာမှာ “ပုဂံ-ညောင်ဦးဒေသ ယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေးအဖွဲ့” ဝင် ဦးကျော်ဆွေက ပြောကြားလိုက်တာပါ။

● ဆက်သွယ်မေးမြန်းခန်း အစီအစဉ်မှာတော့ “ပုဂံ-ညောင်ဦးဒေသ ယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေးအဖွဲ့” ဝင် တစ်ဦးဖြစ်သလို တိုင်းဒေသကြီးအဆင့် ပုဂံဒေသ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဦးကျော်ဆွေနဲ့အတူ ပုဂံဒေသမှာ အခြေပြုပြီး ပုဂံခေတ် နံရံဆေးရေးပန်းချီတွေကို လေ့လာပြီး သုတေသနပြုလုပ်နေတဲ့ ဦးသန်းဇော်တို့က ပါဝင်ဆွေးနွေးပေးထားကြပါတယ်။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနက အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးနေတဲ့ “ပုဂံ ယဉ်ကျေးမှုဒေသနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း” (World Heritage List & Bagan Heritage Area) အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။