ပုဂံငလ်င္အလွဴေငြ က်ပ္ေငြ သိန္းေပါင္း ၄ ေသာင္း ၈ ေထာင္ေက်ာ္နဲ႔ ေဒၚလာ ၇ ေသာင္းေက်ာ္ က်န္ရွိေန

0
169

● ပုဂံငလ်င္လႈပ္ခတ္စဥ္က ျပည္သူေတြလွဴဒါန္းထားတဲ့ အလွဴေငြစုစုေပါင္း က်ပ္ေငြ သိန္းေပါင္း ၄ ေသာင္း ၈ ေထာင္ေက်ာ္နဲ႔ အေမရိကန္ေဒၚလာ ၇ ေသာင္းေက်ာ္ က်န္ရွိေနတယ္လို႔ ပုဂံေဒသရွိ ေရွးေဟာင္းအေဆာက္အအုံမ်ား ထိန္းသိမ္းေရးအတြက္ နည္းပညာအေထာက္အကူအဖြဲ႔ (Technical Support Team- TST) တည္ေထာင္သူ ဦးေဇမ်ိဳးလင္းက ေျပာၾကားလိုက္ပါတယ္။

● ဒါအျပင္ အဲ့ဒီေငြေတြကေန ၂၀၁၈ ခုႏွစ္အထိ ဘဏ္အတိုးအေနနဲ႔ က်ပ္ေငြ သိန္းေပါင္း ၅၆၀၀ ေက်ာ္ ရရွိထားတယ္လို႔လည္း အစိုးရရဲ႕ တရား၀င္ ကိန္းဂဏန္းေတြကို ကိုးကားၿပီး သူကေျပာၾကားခဲ့တာပါ။

● ဒါေၾကာင့္ အဲ့ဒီေငြေတြကို ပုဂံေဒသယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရးလုပ္ငန္းေတြနဲ႔အတူ အေမြအႏွစ္ေတြ ထိခိုက္ပ်က္ဆီးႏိုင္တဲ့ သဘာ၀ေဘအႏၱရာယ္ေတြကို ႀကိဳတင္ကာကြယ္ႏိုင္မယ့္ အစီအမံေတြကိုျပဳလုပ္ရာမွာ အက်ိဳးရွိရွိ အသံုးျပဳႏုိင္ဖို႔ ေဒသခံေတြအေနနဲ႔ အစိုးရကို နည္းမွန္လမ္းမွန္နဲ႔ ေတာင္းဆိုသင့္တယ္လို႔လည္း ဦးေဇမ်ိဳးလင္းက ေျပာပါတယ္။

● ၾသဂုတ္လ ၁၁ ရက္ေန႔က ေညာင္ဦးသံတဲဟိုတယ္မွာ ျမန္မာနုိင္ငံ ေရွးေဟာင္းသုေတသန ပညာအသင္းနဲ႔ ပုဂံေဒသေနျပည္သူမ်ား ပူးေပါင္းက်င္းပတဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးဆုိင္ရာ အသိပညာေပးေဟာေျပာပြဲႏွင့္ အေမြအႏွစ္စီမံခန္႔ခြဲေရး ဆိုင္ရာ လူထု စကားဝုိင္းေဆြးေႏြးပြဲအဲ့ဒီလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။


● ပုဂံငလျင်လှုပ်ခတ်စဉ်က ပြည်သူတွေလှူဒါန်းထားတဲ့ အလှူငွေစုစုပေါင်း ကျပ်ငွေ သိန်းပေါင်း ၄ သောင်း ၈ ထောင်ကျော်နဲ့ အမေရိကန်ဒေါ်လာ ၇ သောင်းကျော် ကျန်ရှိနေတယ်လို့ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးအတွက် နည်းပညာအထောက်အကူအဖွဲ့ (Technical Support Team- TST) တည်ထောင်သူ ဦးဇေမျိုးလင်းက ပြောကြားလိုက်ပါတယ်။

● ဒါအပြင် အဲ့ဒီငွေတွေကနေ ၂၀၁၈ ခုနှစ်အထိ ဘဏ်အတိုးအနေနဲ့ ကျပ်ငွေ သိန်းပေါင်း ၅၆၀ဝ ကျော် ရရှိထားတယ်လို့လည်း အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကို ကိုးကားပြီး သူကပြောကြားခဲ့တာပါ။

● ဒါကြောင့် အဲ့ဒီငွေတွေကို ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့အတူ အမွေအနှစ်တွေ ထိခိုက်ပျက်ဆီးနိုင်တဲ့ သဘာဝဘေအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် အစီအမံတွေကိုပြုလုပ်ရာမှာ အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ ဒေသခံတွေအနေနဲ့ အစိုးရကို နည်းမှန်လမ်းမှန်နဲ့ တောင်းဆိုသင့်တယ်လို့လည်း ဦးဇေမျိုးလင်းက ပြောပါတယ်။

● သြဂုတ်လ ၁၁ ရက်နေ့က ညောင်ဦးသံတဲဟိုတယ်မှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းနဲ့ ပုဂံဒေသနေပြည်သူများ ပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမွေအနှစ်စီမံခန့်ခွဲရေး ဆိုင်ရာ လူထု စကားဝိုင်းဆွေးနွေးပွဲအဲ့ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#ပုဂံ #အမွေအနှစ် #ရှေးဟောင်းသုတေသန #UNESCO