ပို႔ကုန္တင္းၾကပ္မႈ နဲ႔ပတ္သက္လို႔ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားေဆြးေႏြးဖို႔ သေဘာတူ

0
34

ဂ်ပန္က ပို႔ကုန္ထိန္းခ်ဳပ္မႈကို ပိုမိုတင္းက်ပ္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားအစိုးရနဲ႔ ေဆြးေႏြးမယ္လို႔ ဂ်ပန္အစိုးရက ေျပာဆို လိုက္ပါတယ္။

ဂ်ပန္ရဲ့လုပ္ကိုင္ပုံေတြနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားဟာ ကန႔္ကြက္မႈတစ္ခုကို ကမၻာ့ကုန္သြယ္ေရးအဖြဲ႕ WTO ထံ အခုလ ေစာေစာပိုင္းမွာ စတင္လုပ္ကိုင္ခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားအစိုးရဟာ ဂ်ပန္နဲ႔ ႏွစ္နိုင္ငံၾကားေစ့စပ္ညႇိႏွိုင္းတဲ့ ေဆြးေႏြးမႈမ်ိဳးကို လုပ္ခ်င္ပါတယ္။ အဲဒီလိုေဆြးေႏြးမႈက WTO ရဲ့ အျငင္းပြားမႈ ေျဖရွင္းခ်က္ကို ခံယူဖို႔အတြက္ လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။

အဲဒီေတာင္းဆိုခ်က္ကို လက္ခံဖို႔ ဂ်ပန္အစိုးရက ဆုံးျဖတ္ခဲ့တယ္လို႔ ဂ်ပန႔္ကုန္သြယ္ေရးဝန္ႀကီး အစ္ရႉး စူဂါ့ဝါရာ့ (Isshu Sugawara) က ေျပာဆိုလိုက္ပါတယ္။ဝန္ႀကီး စူဂါ့ဝါရာ့ က “ပို႔ကုန္ထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္တဲ့ ဂ်ပန္ရဲ့ ျပန္သုံးသပ္မႈဟာ WTO ရဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ျဖစ္တယ္ဆိုတဲ့ ဂ်ပန္ရဲ့ရပ္တည္ခ်က္ကေတာ့ အေျပာင္းအလဲမရွိဘူး၊ က်ေနာ္တို႔ဟာ ေတာင္ကိုရီးယားအစိုးရကို အေသးစိတ္ရွင္းျပမယ္” လို႔ ေျပာပါတယ္။

ပို့ကုန်တင်းကြပ်မှု နဲ့ပတ်သက်လို့ ဂျပန်နဲ့ တောင်ကိုရီးယားဆွေးနွေးဖို့ သဘောတူ

ဂျပန်က ပို့ကုန်ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးမယ်လို့ ဂျပန်အစိုးရက ပြောဆို လိုက်ပါတယ်။

ဂျပန်ရဲ့လုပ်ကိုင်ပုံတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားဟာ ကန့်ကွက်မှုတစ်ခုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ထံ အခုလ စောစောပိုင်းမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရဟာ ဂျပန်နဲ့ နှစ်နိုင်ငံကြားစေ့စပ်ညှိနှိုင်းတဲ့ ဆွေးနွေးမှုမျိုးကို လုပ်ချင်ပါတယ်။ အဲဒီလိုဆွေးနွေးမှုက WTO ရဲ့ အငြင်းပွားမှု ဖြေရှင်းချက်ကို ခံယူဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်ကို လက်ခံဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ ဂျပန့်ကုန်သွယ်ရေးဝန်ကြီး အစ်ရှူး စူဂါ့ဝါရာ့ (Isshu Sugawara) က ပြောဆိုလိုက်ပါတယ်။ဝန်ကြီး စူဂါ့ဝါရာ့ က “ပို့ကုန်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ဂျပန်ရဲ့ ပြန်သုံးသပ်မှုဟာ WTO ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်တယ်ဆိုတဲ့ ဂျပန်ရဲ့ရပ်တည်ချက်ကတော့ အပြောင်းအလဲမရှိဘူး၊ ကျနော်တို့ဟာ တောင်ကိုရီးယားအစိုးရကို အသေးစိတ်ရှင်းပြမယ်” လို့ ပြောပါတယ်။