ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်အဖွဲ့အစည်းပေါ်ပေါက်လာဖို့ Let’s Read အစီအစဉ်ပြုလုပ်

0
36









ကလေးစာပေတွေကနေ တစ်ဆင့် ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်အဖွဲ့အစည်းပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး Let’s Read အစီအစဉ်ကို ပြုလုပ်နေပါတယ်။ ဒီအကြောင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

Let’s Read Project မိတ်ဆက်ပွဲကို စက်တင်ဘာလ ၃ရက်နေ့က ရန်ကုန်မြို့ Chatrium Hotelမှာ ပြုလုပ်ခဲ့တာပါ။

Let’s Read Applicationကို အသုံးပြုပြီး စာအုပ်၂ ထောင်ကျော်ကို မြန်မာဘာသာ အပါအဝင် အာရှနိုင်ငံက ဘာသာစကား ၂၃မျိုးနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီ Let’s Read Project အစီအစဉ်နဲ့ ပတ်သက်ပြီး The Asia Foundation က အခုလိုပြောပါတယ်။

Soundbite – ဒေါ်မီကီကျော်မြင့် (မန်နေဂျာ) The Asia Foundation

Let’s Read project ကို အသုံးပြုဖို့ အင်တာနက်လိုအပ်မှာဖြစ်ပြီး အင်တာနက်မရရှိနိုင်သေးတဲ့ နေရာတွေမှာ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းနဲ့ပူပေါင်းပြီး စာအုပ်အနေနဲ့ ထုတ်ဝေတာတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

Soundbite – ဒေါ်မီကီကျော်မြင့် (မန်နေဂျာ) The Asia Foundation

Let’s Read Project အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကလေးသူငယ်တွေ စာဖတ်အားကောင်းမွန်လာဖို့အတွက် ကလေးစာဖတ်ဝိုင်းတွေနဲ့ ကလေးပုံပြင်ပြောပြိုင်ပွဲတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်ခင်ဗျား။