ပိတ္ဆုိ႔မႈ ေျဖေလွ်ာ့ေပးမွသာ အေမရိကန္နဲ႔ ေဆြးေႏြးမယ္လို႔ အီရန္ သမၼတ ေျပာ

0
42

အီရန္ႏုိင္ငံအေပၚ ခ်မွတ္ထားတဲ့ ပိတ္ဆုိ႔မႈေတြ ေျဖေလွ်ာ့ေပးခ်ိန္က်မွသာ အေမရိကန္ သမၼတနဲ႔ ေတြ႔ဆံု ေဆြးေႏြးသြားမယ္လို႔ အီရန္သမၼတ ႐ိုဟာနီက ေျပာပါတယ္။

ေကာင္းမြန္သင့္ေတာ္တဲ့ အေျခအေနေတြ ရွိလာမယ္ဆုိရင္ အီရန္သမၼတနဲ႔ ေတြ႔ဆံုေဆြးေႏြးသြားဖုိ႔ တံခါးဖြင့္ထားဆဲျဖစ္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာပါတယ္။ အီရန္နဲ႔ ခ်ဳပ္ဆုိထားတဲ့ ႏ်ဴကလီးယား စာခ်ဳပ္ကေန အေမရိကန္ ႏုတ္ထြက္ၿပီး ေနာက္ပိုင္းတည္းက အီရန္နဲ႔ အေမရိကန္တုိ႔ဟာ တင္းမာမႈေတြရွိခဲ့ပါတယ္။ 

အီရန္ႏုိင္ငံအေပၚ အေမရိကန္ႏိုင္ငံက စီးပြားေရး ပိတ္ဆုိ႔မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့ပါတယ္။ အီရန္ရဲ႕ ႏ်ဴကလီးယား အစီအစဥ္နဲ႔ ဒံုးက်ည္ စမ္းသပ္မႈေတြကို ဖ်က္သိမ္းဖုိ႔ အေမရိကန္ သမၼတက ေတာင္းဆုိခဲ့ေပမယ့္ အီရန္က ျငင္းဆန္ထားပါတယ္။

ပိတ်ဆို့မှု ဖြေလျှော့ပေးမှသာ အမေရိကန်နဲ့ ဆွေးနွေးမယ်လို့ အီရန် သမ္မတ ပြော


အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးချိန်ကျမှသာ အမေရိကန် သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ အီရန်သမ္မတ ရိုဟာနီက ပြောပါတယ်။


ကောင်းမွန်သင့်တော်တဲ့ အခြေအနေတွေ ရှိလာမယ်ဆိုရင် အီရန်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အီရန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်ပြီး နောက်ပိုင်းတည်းက အီရန်နဲ့ အမေရိကန်တို့ဟာ တင်းမာမှုတွေရှိခဲ့ပါတယ်။


အီရန်နိုင်ငံအပေါ် အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ဖျက်သိမ်းဖို့ အမေရိကန် သမ္မတက တောင်းဆိုခဲ့ပေမယ့် အီရန်က ငြင်းဆန်ထားပါတယ်။