ပါလက္စတုိင္းဆႏၵျပမႈ အစၥေရး ပစ္ခတ္၊ ႏွစ္ဦးေသဆံုး

0
194

ေဂ်႐ုဆလင္ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အသိမွတ္ျပဳမႈအေပၚ ပါလက္စတုိင္း ျပည္သူေထာင္ခ်ီက ဆႏၵျပခဲ့ရာ  ဒီဇင္ဘာ ၈ ရက္ေန႔က ဆႏၵျပမႈအတြင္း ပါလက္စတုိင္း ျပည္သူေတြနဲ႔  အစၥေရးတပ္ဖြဲ႔ေတြ ထိပ္တုိက္ေတြဆံုမႈေၾကာင့္ အနည္းဆံုး လူ ၂ ဦးေသဆံုးခဲ့ရပါတယ္။

ေဂ်႐ုဆလင္ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္ အသိမွတ္ျပဳတာနဲ႔ ပတ္သက္ၿပီး အာရပ္ကမာၻက ႏုိင္ငံေတြမွာလည္း လမ္းမေပၚထြက္ ဆႏၵျပမႈေတြ လုပ္ခဲ့ပါတယ္။ ပါလက္စတုိင္း သမၼတက   အေမရိကန္ရဲ႕ လုပ္ရပ္ဟာ ၿငိမ္းခ်မ္းေရး ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ေျပာပါတယ္။

အစၥေရး  ဆႏၵျပမႈေတြျဖစ္ခဲ့တဲ့ ႏွစ္ရက္အတြင္းမွာပဲ စစ္သားတစ္ဦးက ဂါဇာနယ္စပ္အနီးမွာ ပါလက္စတုိင္း အရပ္သားတစ္ဦးကို  ပစ္သတ္ခဲ့ၿပီး ေနာက္တစ္ဦးကေတာ့ ဒဏ္ရာေတြရၿပီး ေသဆံုးသြားခဲ့တာ ျဖစ္တယ္လုိ႔ ဂါဇာ ေဆး႐ံုက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါလက်စတိုင်းဆန္ဒပြမှု အစ္စရေး ပစ်ခတ်၊ နှစ်ဦးသေဆုံး

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အသိမှတ်ပြုမှုအပေါ် ပါလက်စတိုင်း ပြည်သူထောင်ချီက ဆန္ဒပြခဲ့ရာ ဒီဇင်ဘာ ၈ ရက်နေ့က ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း ပြည်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေဆုံမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုတာနဲ့ ပတ်သက်ပြီး အာရပ်ကမ္ဘာက နိုင်ငံတွေမှာလည်း လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ ပါလက်စတိုင်း သမ္မတက အမေရိကန်ရဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေး ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့ နှစ်ရက်အတွင်းမှာပဲ စစ်သားတစ်ဦးက ဂါဇာနယ်စပ်အနီးမှာ ပါလက်စတိုင်း အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့ပြီး နောက်တစ်ဦးကတော့ ဒဏ်ရာတွေရပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဂါဇာ ဆေးရုံက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။