
0
1983




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါရီ အကြမ်းဖက်မှုမှာ သံယသရှိသူက တရားရုံးမှာ ထွက်ဆိုဖို့ ငြင်းဆန်

လူ ၁၃၀ ဦး သေဆုံးတဲ့ IS အဖွဲ့ရဲ့ အကြမ်းဖက်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ အကြမ်းဖက်သမားက ဘယ်လ်ဂျီယန်၊ ဘရပ်ဆဲလ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စဉ် ထွက်ဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဆလာ အက်ဘ်ဒက်ဆလမ် (၂၈ နှစ်) ကို တရားရုံးထဲမှာ စက်သေနတ်ကိုင်ထားတဲ့ ရဲအထူးအရာရှိ နှစ်ဦးက တစ်ဖက်တစ်ချက်မှာ စောင့်ကြည့်နေတာကို ဓာတ်ပုံထဲမှာ မြင်ရပါတယ်။ ဂျီဟတ် အကြမ်းဖက်သမား အက်ဘ်ဒက်ဆလမ်က သူ့အကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပြီး စစ်ဆေးမယ့် လေးရက်စလုံး ဘာမှ မပြောဘူးလို့ ပြောဆိုခဲ့ပါတယ်။

မော်ရိုကို ဇာတိဖွား ပြင်သစ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အက်ဘ်ဒက်ဆလမ်ဟာ ပါရီက တရားရုံးမှာလည်း ရုံးထုတ်မှာ ဖြစ်ပါတယ်။