ပါပူဝါေဒသက လူ ၃၄ ဦးကို ဖမ္းဆီးထားၿပီး အင္တာနက္ ျဖတ္ေတာက္

0
47

 အင္ဒိုနီးရွား အာဏာပိုင္ေတြဟာ မတည္ၿငိမ္မႈေတြ ျဖစ္ေနတဲ့ ပါပူဝါေဒသမွာ လူ ၃၄ ဦးကို ဖမ္းဆီးခဲ့ၿပီး အင္တာနက္ေတြ ျဖတ္ေတာက္ထားပါတယ္။  

ပါပူဝါေဒသမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေထာင္ေဖာက္ေျပးမႈနဲ႔ ပါပူဝါ ေက်ာင္းသားေတြ အင္ဒိုနီးရွားအလံကို မ႐ိုေသဘူးဆိုၿပီး ဖမ္းဆီးခံရမႈ အေပၚ ဆႏၵျပမႈေတြ ဆက္တုိက္ျဖစ္ေပၚခဲ့ၿပီး ဆႏၵျပမႈေတြအတြင္း လႊတ္ေတာ္ အေဆာက္အဦးနဲ႔ ေစ်းဆုိင္ေတြ မီး႐ိႈ႕ဖ်က္ဆီးတာေတြ ရွိခဲ့ပါတယ္။ 

အင္ဒိုနီးရွားမွာ ပါပူဝါ ေက်ာင္းသားေတြ ခြဲျခားဆက္ဆံခံရတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ ဆႏၵျပမႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ ပါပူဝါေဒသကို ထိန္းသိမ္းႏုိင္ဖုိ႔ အစိုးရတပ္ဖြဲ႔ဝင္ေတြ တုိးျမွင့္ျဖန္႔ၾကက္ ခ်ထားတဲ့အျပင္ ရဲတပ္ဖြဲ႔ဝင္ေပါင္း ၁၂၀၀ ကို အင္ဒိုနီးရွားအစိုးရက ေစလႊြတ္ထားပါတယ္။

ပါပူဝါဒေသက လူ ၃၄ ဦးကို ဖမ်းဆီးထားပြီး အင်တာနက် ဖြတ်တောက်

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ပါပူဝါဒေသမှာ လူ ၃၄ ဦးကို ဖမ်းဆီးခဲ့ပြီး အင်တာနက်တွေ ဖြတ်တောက်ထားပါတယ်။

ပါပူဝါဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ဖောက်ပြေးမှုနဲ့ ပါပူဝါ ကျောင်းသားတွေ အင်ဒိုနီးရှားအလံကို မရိုသေဘူးဆိုပြီး ဖမ်းဆီးခံရမှု အပေါ် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြမှုတွေအတွင်း လွှတ်တော် အဆောက်အဦးနဲ့ ဈေးဆိုင်တွေ မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ ပါပူဝါ ကျောင်းသားတွေ ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပါပူဝါဒေသကို ထိန်းသိမ်းနိုင်ဖို့ အစိုးရတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ဖြန့်ကြက် ချထားတဲ့အပြင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၀ဝ ကို အင်ဒိုနီးရှားအစိုးရက စေလွှတ်ထားပါတယ်။