ပါကစၥတန္မွာ အမ်ိဳးသမီးတစ္ဦးက အေသခံ ဗံုးခြဲတုိက္ခုိက္

0
41

ပါကစၥတန္ အေနာက္ေျမာက္ပိုင္းမွာ အမ်ိဳးသမီးတစ္ဦးက အေသခံ ဗံုးခြဲတုိက္ခုိက္ခဲ့တာေၾကာင့္ အနည္းဆံုး လူ ရွစ္ဦး ေသဆံုးကာ ၂၆ ဦး ဒဏ္ရာရသြားခဲ့ပါတယ္။ 

အေသခံ ဗံုးခြဲတုိက္ခုိက္မႈဟာ ဒီရာ အစၥေမး ခန္းၿမိဳ႕ရွိ ေဆး႐ံုအျပင္ဘက္မွာ ျဖစ္ေပၚခဲ့တာပါ။ အဲဒီတုိက္ခုိက္မႈက သူတုိ႔ လက္ခ်က္ျဖစ္တယ္လို႔ အစြန္းေရာက္အဖြဲ႔ျဖစ္တဲ့ ပါကစၥတန္ တာလီဘန္အဖြဲ႔အျဖစ္ လူသိမ်ားတဲ့ ေတရစ္ အီလ္ တာလီဘန္ ပါကစၥတန္က ေျပာပါတယ္။ 

ၿပီးခဲ့တဲ့ တစ္လေက်ာ္က ရဲေတြရဲ႕ တိုက္ခုိက္မႈေၾကာင့္ ေသဆံုးသြားတဲ့ တာလီဘန္ စစ္ေရးေခါင္းေဆာင္ ႏွစ္ဦးအတြက္ လက္စားေခ်တာျဖစ္ေၾကာင္း အစြန္းေရာက္အဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။ ဗံုးခြဲတုိက္ခုိက္သူဟာ အမ်ိဳးသမီး ျဖစ္တယ္ဆုိတဲ့ သတင္းေတြကိုေတာ့ အစြန္းေရာက္အဖြဲ႔က ျငင္းဆန္ထားပါတယ္။

ပါကစ္စတန်မှာ အမျိုးသမီးတစ်ဦးက အသေခံ ဗုံးခွဲတိုက်ခိုက်

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ရှစ်ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်မှုဟာ ဒီရာ အစ္စမေး ခန်းမြို့ရှိ ဆေးရုံအပြင်ဘက်မှာ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုက သူတို့ လက်ချက်ဖြစ်တယ်လို့ အစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့အဖြစ် လူသိများတဲ့ တေရစ် အီလ် တာလီဘန် ပါကစ္စတန်က ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်လကျော်က ရဲတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ တာလီဘန် စစ်ရေးခေါင်းဆောင် နှစ်ဦးအတွက် လက်စားချေတာဖြစ်ကြောင်း အစွန်းရောက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်သူဟာ အမျိုးသမီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုတော့ အစွန်းရောက်အဖွဲ့က ငြင်းဆန်ထားပါတယ်။