ပလပ္စတစ္လုပ္ငန္းတိုးတက္ဖို႔ ႏိုင္ငံတကာပလပ္စတစ္ထုတ္ျပပြဲေတြ က်င္းပေပးေန

0
153

ျမန္မာနုိင္ငံရဲ႕ ပလပ္စတစ္လုပ္ငန္း ဖြံ႔ၿဖဳိးတုိးတက္လာဖုိ႔ နုိင္ငံတကာ ပလပ္စတစ္ထုတ္ကုန္ျပပြဲေတြကုိ က်င္းပေပးေနတာျဖစ္တယ္လုိ႔ ျမန္မာနုိင္ငံ ပလပ္စတစ္လုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေျပာပါတယ္။

အခုလို နုိင္ငံတကာ ပလပ္စတစ္ထုတ္ကုန္ ျပပြဲေတြကေနတဆင္႔ နုိင္ငံတကာနဲ႔ ဆက္သြယ္ေဆာင္ရြက္မႈေတြကေန နည္းပညာအကူအညီေတြ ရရွိၿပီး ျမန္မာနုိင္ငံရဲ႕ ပလပ္စတစ္လုပ္ငန္း ဖြံ႔ၿဖဳိးတုိးတက္လာဖုိ႔အတြက္ အခုလို ျပပြဲေတြ က်င္းပေပးေနတာျဖစ္တယ္လုိ႔ ျမန္မာနုိင္ငံ ပလပ္စတစ္လုပ္ငန္းရွင္မ်ား အသင္းက တြဲဖက္အတြင္းေရးမွဴး ကေျပာပါတယ္။

ဇြန္လ ၁၄ ရက္ေန႔က ရန္ကုန္ၿမဳိ႕ တပ္မေတာ္ခန္းမမွာ ျမန္မာနုိင္ငံ ပလပ္စတစ္လုပ္ငန္းရွင္မ်ားအသင္းနဲ႔ Smart Expos တုိ႔ ပူးေပါင္းက်င္းပတဲ႔ နုိင္ငံတကာ ပလပ္စတစ္ထုတ္ကုန္ ျပပြဲႀကီးကုိ ၅ အႀကိမ္ေျမာက္ က်င္းပခဲ႔တာပါ။

Soundbite  ဦးေက်ာ္မင္း (တြဲဖက္အတြင္းေရးမွဴး)

ျမန္မာနုိင္ငံ ပလပ္စတစ္လုပ္ငန္းရွင္မ်ားအသင္း

ဒါအျပင္ ျမန္မာနိုင္ငံက ထြက္ကုန္ေတြကုိ ျပသခဲ႔တာေၾကာင္႔ နုိင္ငံတကာေစ်းကြက္ကုိ ထုိးေဖာက္နုိင္မွာ ျဖစ္တယ္လုိ႔ ျမန္မာနုိင္ငံ ပလပ္စတစ္လုပ္ငန္းရွင္မ်ား အသင္းကေျပာပါတယ္။

Soundbite ဦးသိန္းဟန္ (ဒုတိယဥကၠ႒)

ျမန္မာနုိင္ငံ ပလပ္စတစ္လုပ္ငန္းရွင္မ်ားအသင္း

အဲဒီျပပြဲမွာ ျမန္မာနုိင္ငံအပါအ၀င္ ႏိုင္ငံ ၁၀ နုိင္ငံက ဆုိင္ခန္း ၁၀၀ေက်ာ္တုိ႔က ပလပ္စတစ္လုပ္ငန္း နဲ႔ပတ္သက္တဲ့ စက္ပစၥည္းေတြကို ဇြန္လ ၁၄ ရက္ေန႔ကေန႔ ၁၆ ရက္ေန႔အထိ ျပသခဲ႔ပါတယ္ရွင္။

မြန်မာနိုင်ငံရဲ့ ပလပ်စတစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့ နိုင်ငံတကာ ပလပ်စတစ်ထုတ်ကုန်ပြပွဲတွေကို ကျင်းပပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပြောပါတယ်။

အခုလို နိုင်ငံတကာ ပလပ်စတစ်ထုတ်ကုန် ပြပွဲတွေကနေတဆင့် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကနေ နည်းပညာအကူအညီတွေ ရရှိပြီး မြန်မာနိုင်ငံရဲ့ ပလပ်စတစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အခုလို ပြပွဲတွေ ကျင်းပပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များ အသင်းက တွဲဖက်အတွင်းရေးမှူး ကပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်းနဲ့ Smart Expos တို့ ပူးပေါင်းကျင်းပတဲ့ နိုင်ငံတကာ ပလပ်စတစ်ထုတ်ကုန် ပြပွဲကြီးကို ၅ အကြိမ်မြောက် ကျင်းပခဲ့တာပါ။

Soundbite ဦးကျော်မင်း (တွဲဖက်အတွင်းရေးမှူး)
မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်း

ဒါအပြင် မြန်မာနိုင်ငံက ထွက်ကုန်တွေကို ပြသခဲ့တာကြောင့် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များ အသင်းကပြောပါတယ်။

Soundbite ဦးသိန်းဟန် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်း

အဲဒီပြပွဲမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ဆိုင်ခန်း ၁၀ဝကျော်တို့က ပလပ်စတစ်လုပ်ငန်း နဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေကို ဇွန်လ ၁၄ ရက်နေ့ကနေ့ ၁၆ ရက်နေ့အထိ ပြသခဲ့ပါတယ်ရှင်။