ပလတ္စတစ္အိတ္ သံုးစြဲမႈ ပါကစၥတန္တစ္ဝန္း ရပ္ဆိုင္းဖို႔ ႀကိဳးပမ္း

0
35

လွပတဲ့ေျမျပင္ အေနအထားကို ပ်က္စီးေစမႈ၊ ေရစီးေရလာ မေကာင္းမႈေတြေၾကာင့္ ပါကစၥတန္ ႏိုင္ငံတစ္ဝန္း ပလတ္စတစ္အိတ္ သံုးစြဲမႈ ရပ္ဆိုင္းဖို႔ လုပ္ေဆာင္ေနၾကပါတယ္။

ပါကစၥတန္ ခရစ္ကက္ ကစားသမားေဟာင္း ဝါဆင္ အက္ကရမ္ရဲ႕ ဇနီး ရွာနီရာ အက္ကရမ္က ကရာခ်ိၿမိဳ႕ နာမည္ေက်ာ္ ကလစ္ဖ္တန္ ကမ္းေျခမွာ ပလတ္စတစ္ အမိႈက္ေတြ ရွင္းလင္းေရး ကူညီၾကဖို႔ စက္တင္ဘာလ ၃ ရက္ေန႔မွာ Twitter ကေန စတင္ ေဆာ္ၾသခဲ့ပါတယ္။

ကမ္းေျခတစ္ေလွ်ာက္ ေဆးထိုးအပ္ေတြပါ အမိႈက္ေတြထဲမွာ ေတြ႔ရွိရေၾကာင္း၊ ကလစ္ဖ္တန္ ကမ္းေျခဟာ အႏၱရာယ္ အလြန္မ်ားေနၿပီး ပိတ္ထားသင့္ေၾကာင္း အက္ကရမ္က ေရးသားခဲ့ပါတယ္။ ကရာခ်ိ အာဏာပိုင္ေတြကလည္း ၿမိဳ႕ရွိ လူဦးေရ ၂၄ သန္းရဲ႕ လည္ပတ္စရာ ျဖစ္တဲ့ အဲဒီကမ္းေျခ အေျခအေနကို သတိျပဳမိခဲ့ပါတယ္။ အက္ကရာတင္လိုက္တဲ့ ဓာတ္ပံုနဲ႔ ဗီဒီယိုေတြဟာ Twitter မွာေရာ ႐ုပ္သံေတြမွာပါ ပ်ံ႕ႏွံ႔သြားပါတယ္။

လူဦးေရ ၂၁၅ သန္းရွိတဲ့ ပါကစၥတန္ႏိုင္ငံမွာ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈ စိန္ေခၚခ်က္နဲ႔ ပတ္သက္ၿပီး အေနာက္တိုင္း သံတမန္ေတြက သတိေပးေနၾကပါတယ္။

<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှပတဲ့မြေပြင် အနေအထားကို ပျက်စီးစေမှု၊ ရေစီးရေလာ မကောင်းမှုတွေကြောင့် ပါကစ္စတန် နိုင်ငံတစ်ဝန်း ပလတ်စတစ်အိတ် သုံးစွဲမှု ရပ်ဆိုင်းဖို့ လုပ်ဆောင်နေကြပါတယ်။

ပါကစ္စတန် ခရစ်ကက် ကစားသမားဟောင်း ဝါဆင် အက်ကရမ်ရဲ့ ဇနီး ရှာနီရာ အက်ကရမ်က ကရာချိမြို့ နာမည်ကျော် ကလစ်ဖ်တန် ကမ်းခြေမှာ ပလတ်စတစ် အမှိုက်တွေ ရှင်းလင်းရေး ကူညီကြဖို့ စက်တင်ဘာလ ၃ ရက်နေ့မှာ Twitter ကနေ စတင် ဆော်သြခဲ့ပါတယ်။

ကမ်းခြေတစ်လျှောက် ဆေးထိုးအပ်တွေပါ အမှိုက်တွေထဲမှာ တွေ့ရှိရကြောင်း၊ ကလစ်ဖ်တန် ကမ်းခြေဟာ အန္တရာယ် အလွန်များနေပြီး ပိတ်ထားသင့်ကြောင်း အက်ကရမ်က ရေးသားခဲ့ပါတယ်။ ကရာချိ အာဏာပိုင်တွေကလည်း မြို့ရှိ လူဦးရေ ၂၄ သန်းရဲ့ လည်ပတ်စရာ ဖြစ်တဲ့ အဲဒီကမ်းခြေ အခြေအနေကို သတိပြုမိခဲ့ပါတယ်။ အက်ကရာတင်လိုက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ Twitter မှာရော ရုပ်သံတွေမှာပါ ပျံ့နှံ့သွားပါတယ်။

လူဦးရေ ၂၁၅ သန်းရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စိန်ခေါ်ချက်နဲ့ ပတ်သက်ပြီး အနောက်တိုင်း သံတမန်တွေက သတိပေးနေကြပါတယ်။